⟪36⟫

2.6K 354 4
                                    

ချိန်းထားတဲ့ နေ့မှာ ──

ငါ တွေးကြည့်ပြီးပြီ ငါတို့က သံစုံဂီတကို နား‌ဆင်ဖို့ သွားကြမှာဆိုတော့ သူ့ရဲ့ vibe နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ဆိုရင် ငါ ပိုပြီး formal ဆန်ဆန် ဝတ်သွားဖို့ လိုအပ်တယ်။

ဗီရိုထဲကနေ ဂါဝန်အမည်းရောင်ကို မွှေနှောက်ရှာဖွေလိုက်ပြီး ဒေါက်ဖိနပ်ပေါ်က ဖုန်တွေ သုတ်လိုက်တယ်။ နောက်ဆုံးအနေနဲ့ ငါ ရှောင်ကျန်းကို မိတ်ကပ်လိမ်းပေးဖို့နဲ့ ဆံပင်ကောက်ပေးဖို့ တောင်းဆိုလိုက်တယ်။

ငါ ကိုယ့်ဟာကိုယ် မှန်ထဲမှာ ကြည့်ရင်း စိတ်ကျေနပ်မှု အပြည့်နဲ့ ခေါင်းညိတ်နေမိတယ်။

ပြည့်စုံတယ်။

ပွဲကျင်းပမဲ့ နေရာက ကျုံးရှန်းပန်းခြံရဲ့ ဖျော်ဖြေပွဲခန်းမကျယ်ကြီးထဲမှာ ဖြစ်ပြီး ညနေခင်း 7 နာရီအချိန်မှာ ပွဲစတင်လိမ့်မယ်။

အဲ့တော့ 6 နာရီခွဲမှာ ရှန်းချောင်ဝေနဲ့ ကျောင်းဂိတ်ဝမှာ ဆုံတယ်။

ငါတို့ တွေ့ကြတော့ နှစ်‌ယောက်လုံး ကြောင်ငေးနေမိတယ်။

သူက ငါ့ရဲ့ ဆံပင်ကောင်ကောက်၊ အမည်းရောင်ဂါဝန်နဲ့ ဒေါက်ဖိနပ်ကို ကြည့်တယ်။

ငါက သူ့ရဲ့ အားကစားရှပ်အင်္ကျီ၊ ဘောင်းဘီတိုနဲ့ အပြေးဖိနပ်ကို ကြည့်တယ်။

ရှန်းချောင်ဝေ : “ မင်း ကပွဲ သွားမလို့လား? ”

ငါ : ......

ကယ်ကြပါ ဒါကြီးက ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ!

ငါ : “ ငါ ပြန်ပြီး အဝတ်အစား လဲလိုက်ရင်ရော? ”

ရှန်းချောင်ဝေ : “ မလိုပါဘူး အခုလိုက တော်တော်လေး ကြည့်လို့ကောင်းတယ် ”

ချက်ချင်းပဲ ငါ ရှက်သွေးဖြာသွားရတယ်။

သူ့မှာ အဆိပ်ပြင်းတဲ့လျှာ ရှိနေတာတောင် ရှန်းချောင်ဝေက ငါ့ကို ချီးမွမ်းတယ်?

သွားတဲ့လမ်းမှာ ငါ သူ့ကို တိတ်တိတ်လေး မေးကြည့်တယ် : “ အတန်းဖော်ရှန်း ဖျော်ဖြေတာကို နားထောင်နေတဲ့ အချိန်မှာ ငါ သတိထားသင့်တဲ့ ကြိုတင်ကာကွယ်စရာတွေ ဘာတွေများ ရှိလား? ”

ရှန်းချောင်ဝေ : “ မင်းရဲ့ နားတွေ ယူလာဖို့ သဘောပေါက်ရင်ပဲ ရပြီ ”

ငါ : ......

ငါ ပြောခဲ့တာကို ပြန်ရုပ်သိမ်းတယ် သူ့မှာက အဆိပ်ပြင်းတဲ့ လျှာအကြီးကြီးကို ရှိတာ!

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now