⟪29⟫

2.6K 415 5
                                    

ငါ တစ်နေ့လုံး ရှည်ရှည်ဝေးဝေးနဲ့ ခက်ခက်ခဲခဲ စဉ်းစားကြည့်ခဲ့ပြီး နောက်ဆုံးမှာတော့ ဘာလို့ ရှန်းချောင်ဝေက လုပ်အားပေးသွားဖို့အတွက် ကျိချောင့်နေရာကို ယူခဲ့တယ်ဆိုတာကို ရှာဖွေ့တွေ့ရှိလိုက်ရတယ်။

ဟမ့် သူ ဘေးခန်းက Finance Class ရဲ့ အလှလေးကို ကြိုက်နေတာပဲ ဖြစ်ရမယ် အဲ့နေ့က ငါ့ကို ထိပ်ဆုံးကနေ မနှစ်မြို့တာကို ပြလာတဲ့ တစ်ယောက်!

ဒီရှုထောင့်ကနေကြည့်ရင် ရှန်းချောင်ဝေ ငါ့ကို အမှိုက်တွေ သယ်ဖို့ ကူညီပေးခဲ့တာက ဘာလို့လဲဆိုတော့ သူ့ရဲ့ ယဉ်ကျေးသိမ်မွေ့ပြီး ယောကျာ်းဆန်တဲ့ ပုံစံကို ပြချင်လို့ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား?

အကြောင်းပြချက်တစ်ချို့ကြောင့် ငါ့နှလုံးသားထဲမှာ ချဉ်စူးစူးကြီး ခံစားနေရတယ်။

[ T|N : ရှာလကာရည်တွေရမယ် :3 ]

အဲ့အချိန်တုန်းက သူက ရုပ်ချောတဲ့အပြင် အသုံးလည်းဝင်တယ် ဆိုပြီး စဉ်းစားခဲ့မိတာ ယုံကို မယုံနိုင်ဘူး။

အရင်က သူ့အပေါ်မှာ ထားတဲ့ ငါ့ရဲ့ အမြင်တွေကို ပြန်ရုပ်သိမ်းလိုက်ပြီ။

အလှလေးတွေရှေ့မှာသာလျှင် သူက အသုံးဝင်တာ!

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now