⟪21⟫

2.9K 384 1
                                    

နောက်ဆုံးတော့ ပွဲ စပြီ။

‌ထိုင်ဖို့ရာ ဝေးလံချောင်ကျတဲ့ နေရာတစ်ခုကို ငါ ရှာတွေ့သွားတယ် ဒီနေရာကို ရှန်းချောင်ဝေ ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့လည်း တွေးမိရင်း...

ငါ : “ နင် ဒီကို ဘယ်တုန်းက လာခဲ့တာလဲ!? ”

ရှန်းချောင်ဝေ : “ အခုလေးတင် ”

ကယ်ပါဦး ဒီလူက လမ်းလျှောက်တဲ့အခါ ဘာသံမှ မထွက်ဘူးလား?

မသိလိုက်မသိဘာသာနဲ့ပဲ သူ့ဆီကနေ ငါ့ကိုယ်ငါ အကွာအဝေးခြားလိုက်မိတယ်။

ရှန်းချောင်ဝေက မျက်မှောင်ကြုတ်ရင်း : “ ကိုယ့်ဆီက နံလို့လား? ”

ငါ : “ မနံပါဘူး ”

ရှန်းချောင်ဝေ : “ ဒါဆို မင်း နံနေလို့လား? ”

ငါ : ......

ကောင်းပြီလေ ငါ့ရဲ့ ကံကြမ္မာကို လက်ခံဖို့ပဲ ဆုံးဖြတ်လိုက်တော့မယ်။

ညီမငယ်လေး‌တွေရဲ့ အကြည့်စူးစူးတွေကို မသိချင်ယောင်ဆောင်ရင်း စင်ပေါ်က ပညာရေးမိန့်ခွန်းတွေဆီပဲ အာရုံစိုက်ထားလိုက်တယ်။

အဲ့ဒီနောက်မှာတော့ ငါ အိပ်ချင်လာတော့တယ်။

ဘာ အဓိပ္ပာယ် မရှိတာတွေကို သူတို့ ပြောနေကြတာလဲ?

ငါ သမ်းဝေလိုက်တယ် ငါ့ရဲ့ မျက်ခွံတွေကတော့ ဆက်ပြီး ပွင့်‌နေဖို့ရာ အရူးအမူးကို ရုန်းကန်နေကြရတယ်။

အဆုံးမှာတော့ ငါ့ခေါင်းက ဘေးဘက်ကို မှီကျသွားပြီး အိပ်ပျော်သွားတော့တယ်။ အိပ်မပျော်သွားခင်လေးမှာ ငါ တွေးနေခဲ့တာက Conference Center ထဲက aircon က အရမ်း အေးတာပဲ ဆိုပြီး။

တစ်စုံတစ်ခုကြောင့် ငါ နိုးလာခဲ့တယ်။

ငါ နိုးလာတဲ့အခါ ငါ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ဒါက အရမ်းနွေးတာပဲ ဒုတိယ တုံ့ပြန်မှုကကျ ဒါ ဘယ်သူ့ကုတ်အင်္ကျီလဲ? ပြီးတော့ တတိယအနေနဲ့ ငါ တုံ့ပြန်မိတာကတော့ ငါ ဘယ်သူ့ပုခုံးကို မှီနေတာလဲ?

ငါ ရုတ်တရက် မတ်မတ် ပြန်ထိုင်လိုက်တယ်။

ရှန်းချောင်ဝေ : “ မင်းရဲ့ အအိပ်စွမ်းရည်က တော်တော် ကောင်းတာပဲ ”

ငါ : ......

ငါ : “ အတန်းဖော်ရှန်း နင် ငါ့ကို နိုးခဲ့သင့်တယ်! ”

ရှန်းချောင်ဝေ : “ ကိုယ် မင်းကို ခေါ်သေးတယ် မင်းမှ နိုးမလာတာ ”

ငါ : ......

ငါ အလျင်အမြန်ပဲ သူ့ရဲ့ ကုတ်ကို ပြန်ပေးလိုက်ပြီး :   “ ကျေးဇူးတင်ပါတယ် ”

ရှန်းချောင်ဝေက ပြုံးပြီး ထရပ်လိုက်ရင်း : “ ပွဲက ပြီးသွားပြီ။ မင်း ဒီမှာ ဆက်ထိုင်နေဦးမလို့လား? ”

ပြီးသွားပြီလား?

ငါ ခန်းမကို ကြည့်လိုက်တော့ လူတောင် သိပ်များများ မကျန်တော့ဘူး။

ဘာကြောင့် ရှန်းချောင်ဝေက ငါ့ကို စောစော မနိုးခဲ့ရတာလဲ?

ငါ : “ လုပ်အားပေးတဲ့ သူတွေကို ကျွေးတဲ့ free lunch ကရော? ”

ရှန်းချောင်ဝေ : “ ကုန်သွားလောက်ပြီ ”

ငါ အကျယ်ကြီး ငိုချလိုက်တယ်။

ရှန်းချောင်ဝေ : “ မငိုပါနဲ့။ အရသာရှိတာတွေ စားဖို့ ကိုယ် မင်းကို ခေါ်သွားမယ်လေ ”

ငါ : “ တကယ်လား? ”

ရှန်းချောင်ဝေ : “ တကယ် ”

အဲ့အချိန်မှာပဲ ငါ့အိပ်ထောင်ထဲက ဖုန်းက ပြင်းပြင်း
ထန်ထန်ကို တုန်ခါလာတယ်။

ငါ့ရဲ့ ဖုန်းကို ပေါက်ကွဲသွားအောင်လုပ်နေတဲ့ အဲ့ဒါကတော့ ရှောင်ကျန်းရဲ့ WeChat message တွေ။

ရှောင်ကျန်း : ယင်းယင် ငါ ကြားတာ ဒီနေ့
ရှန်းချောင်ဝေနဲ့ သူ့ရဲ့ ကောင်မလေးက အတူတူ လုပ်အားပေးခဲ့ကြတယ်တဲ့

ရှောင်ကျန်း : ရှုခင်းနေရာက ပုံတွေကတော့ ရူးချင်စရာပဲ!

ပြီးတာနဲ့ သူမ ငါ့ကို ပုံတစ်ပုံ ပို့လာတယ်။

ပုံထဲမှာ ငါက ရှန်းချောင်ဝေရဲ့ ပခုံးပေါ် မှီထားပြီး ငါ့ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကတော့ ရှန်းချောင်ဝေရဲ့ ကုတ်အင်္ကျီနဲ့ ကွယ်နေတယ်။

ပြီးတော့ ရှန်းချောင်ဝေ သူ့ကြည့်ရတာ ရယ်နေသလိုပဲ...

ရှောင်ကျန်း : နင်လည်း အဲ့ဒီကို သွားတယ်မလား? စက္ကန့် 30 အတွင်း အဲ့မိန်းမနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေအကုန် ရချင်တယ်!

ငါ : ......

ကယ်ကြပါ!

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now