⟪37⟫

2.6K 417 18
                                    

မကြာသေးခင်က ငါ အိပ်စက်ခြင်း နတ်ဘုရား ဝင်ပူးတာကို ခံနေရတာ ဖြစ်မယ်။

ပြင်းထန်ပြီး အောင်ပွဲခံနေဟန် သံစုံတေးသွား ဖျော်ဖြေမှုကို နားထောင်ရင်းက ငါ အိပ်ချင်လာပေမယ့် ငါ ကိုယ့်ဟာကိုယ် ရအောင် ထိန်းချုပ်ထားတယ်။ ရှန်းချောင်ဝေရှေ့မှာ အမြဲတမ်း အိပ်ပျော်ပျော်သွားတာတော့ မဟုတ်သေးဘူး။

ဆက်ပြီး နိုးနိုးကြားကြား ရှိ‌နေဖို့ ငါ့ရဲ့ ဆုံးဖြတ်ချက် အခိုင်အမာ ချထားတဲ့ စိတ်ဆန္ဒနဲ့ ရုန်းကန်နေရင်း ငါ့ရဲ့ ခေါင်းက စပြီးတော့ နည်းနည်းချင်း အောက်ကို ငိုက်စိုက်လာတယ်။ ရှန်းချောင်ဝေက ငါ့ရဲ့ ခေါင်း‌လေးကို ကိုင်ပြီး တီးတိုးပြောတယ် “ အပြင် ထွက်ရအောင် ”

အဲ့ဒီနောက်မှာတော့ သူ ငါ့ကို အပြင်ကို ခေါ်ထုတ်သွားတယ်။

ငါ : “ အဲ့ဒါက မပြီးသေးဘူးမလား? ငါတို့က ဒီတိုင်းပဲ ထွက်သွားလိုက်တော့မလို့လား? ”

ရှန်းချောင်ဝေ : “ ကိုယ်တို့ မထွက်လာရင် မင်း ထပ်ပြီး အိပ်ပျော်သွားလိမ့်မယ်။ ဒီတစ်ခေါက်က အရင်တစ်ခေါက်နဲ့ ကွာတယ်။ ကိုယ် မင်းကို မနိုးလိုက်ဘူးဆိုရင် မင်း အဆောင်ကို ပြန်လို့ရမှာ မဟုတ်တော့ဘူး။ မင်းက တစ်ညလုံး အပြင်မှာ ကိုယ်နဲ့ အတူတူ ကုန်ဆုံးချင်လို့လား? ”

ငါ နောက်တစ်ကြီမ် ရှက်သွေးဖြာသွားရတယ်။

သူ့စကားတွေကို နားထောင်ရတာ အရမ်းပဲ ဟိုလိုလိုဒီလိုလိုနဲ့။

အပြင်ဘက်မှာ ပိတ်ပိတ်ပိန်းအောင်ကို မှောင်မဲနေတယ်။ ကျုံးရှင်းပန်းခြံထဲက အဝေးတစ်နေရာမှာ လမ်းမီးတိုင်တစ်တိုင် ရှိနေပြီး အဆောက်အဦးအများစုက ညအမှောင်ရဲ့ ရှုခင်းထဲမှာ ကွယ်ပျောက်နေတော့တယ်။

အဆောက်အအုံရဲ့ ကွေးနေတဲ့ ရောင်စဉ်တန်းတွေနဲ့ ဆေးသုတ်ထားတဲ့ ထောက်တိုင်တွေ ရှိတဲ့ ဆင်ဝင်အောက်မှာ လမ်းလျှောက်နေရင်း ငါ စဉ်းစားမိသမျှကတော့ ချင်မင်းဆက်က ဒရာမာဇာတ်လမ်းတွေပဲ။

အဲ့အချိန်မှာပဲ ငါ ခြေလှမ်းတစ်ခုကို အာရုံမစိုက်မိတာနဲ့ ‘ ဘမ်း ’ ဆိုပြီး ရှန်းချောင်ဝေရှေ့မှာ ဒူးထောက်မိသွားတယ်။

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now