🌀ဇာတ်လမ်းမိတ်ဆက်🌀

2.7K 75 10
                                    

*Zawgyi*

လေလျင်တစ်ချက်ဝေ့တိုင်း သူ့ရိုးတံလေးပေါ်မှာ မွှတ်မွှတ်လည်နေအောင် ပြင်းထန်စွာလည်တတ်တဲ့ ရောင်စုံစကြာလေးတွေကို မြင်ဖူးကြပါသလား?လေလျင်မှာမျောတတ်တဲ့ အဲ့လိုရောင်စုံစကြာလေးတစ်ခုကို သူ့ဆိုင်ရှေ့မျက်နှာစာမှာ စိုက်ထူထားတယ်။သူစိုက်ထူထားသလို ဦးလည်း သူနဲ့ဆင်တူ ဦးဆိုင်ရှေ့မှာ စကြာပုံစံတူလေးစိုက်ထူလိုက်မိတယ်။ဒါဆို ရောင်စုံစကြာလေးတွေက ဦးတို့နှစ်ယောက်ကြားမှာ အချစ်သင်္ကေတတစ်ခုအဖြစ် မယ်မယ်ရရမှတ်ယူလို့ရသွားတာပေါ့။မဟုတ်ပေဘူးလား။

🌀🌀🌀

Hello!အားလုံးပဲ မင်္ဂလာပါ။ဆဌမမြောက်လေးပါ။ဒီအတောအတွင်း ကောင်းကောင်းအနားယူခဲ့ရပြီး အခုတော့ မတူညီတဲ့အရသာလေးတစ်မျိုးကိုပေးချင်လို့ ပြန်လာခဲ့ပါပြီ။

'လေလျင်မျောတဲ့ ချစ်စကြာ'တဲ့။ကုလားကားSeriesနာမည်တွေလိုများ ဖြစ်နေမလား။နာမည်အတိုင်း လေလျင်မျောတယ်ဆိုလို့ မုန်တိုင်းကြမ်းမယ်မထင်ပါနဲ့..မုန်တိုင်းပျော့ပျော့လေးတော့ပါပါတယ်။ချစ်စကြာကတော့ နောက်က ကာရိုက်တာနာမည်၂ခုပေါင်းထားတာပါ။

မြို့တစ်မြို့ရဲ့ဈေးတစ်ဈေးပေါ့။အဲ့ဈေးထဲ ဆိုင်ခန်းကိုယ်စီဖွင့်ထားတဲ့ လူနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်း။ရပ်ကွက်ထဲကအခန်းလေးတွေလည်း နည်းနည်းပါချင်ပါနိုင်တယ်။အဓိကကတော့ ဈေးစရိုက်၊ဈေးသဘာဝ၊ ယောက်ျားလေးနှစ်ယောက်ရဲ့ အချစ်အိမ်ထောင်ရေးဇာတ်လှလှလေးကို တင်ပြရုံပါပဲ။ဇာတ်လမ်းထဲက ဈေးတည်ရှိရာ၊ရပ်ကွက်တည်ရှိရာ မြို့ကို မြန်မာနိုင်ငံရဲ့တစ်နေရာရာမှာရှိတယ်လို့ပဲ မှတ်ယူထားပေးပါ။ဘယ်နေရာ၊ ဘယ်တိုင်း၊ဘယ်ဒေသထဲမှာဆိုတာ မပြောထားတာမို့ စိတ်ကူးယဉ်နယ်မြေလေးပေါ့။

တစ်ခုပြောချင်တာကတော့ သဘာဝဆန်ဆန်Characterတွေကို ကြိုက်တဲ့သူတွေဆို ပိုသင့်တော်ပါမယ်။ဘာလို့ဆို ဒီထဲကMC၂ယောက်လုံးက ကိုယ်တွေမြင်ဖူးဖတ်ဖူးနေကျနဲ့ ကွဲထွက်ပြီး ကိုယ်တွေစိတ်ကူးထဲက ပုံဖော်ထားတဲ့Seme,Ukeပုံစံတွေမဖြစ်နိုင်လို့ပါပဲ။ပြောရရင် တစ်မျိုးလေးဆန်းကြယ်နေပါလိမ့်မယ်။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now