🌀Chapter (15)🌀

237 18 6
                                    

*Zawgyi*

ပျဉ်ထောင်အိမ် ဧည့်ခန်းလေး၏ သင်ဖြူးဖျာအထက်တွင် လူသုံးယောက် အလျားလိုက် တန်းစီကာ ထိုင်နေကြ၏။ကောင်ငယ်လေး၏အေးစက်နေသောလက်ဖျားများကို ဦးလေးကြီးတစ်ယောက်က မြဲမြံစွာဆုပ်ကိုင်ထားကာ သူတို့ရှေ့တွင်ရှိသော အမျိုးသမီးကြီးထံ စကားလှမ်းပြောနေကြတာပင်။

"သားရယ်..သားအဖေက ဘယ်လောက်ပဲ မကောင်းခဲ့ဘူးပဲဆိုဆို အဖေဆိုတာ အဖေပဲလေ..သားရဲ့။ကိုယ့်သားတစ်ယောက်လုံး လက်ထပ်တော့မှာကို အဖေဖြစ်တဲ့ သူ့အနေနဲ့လည်း သိသင့်ပါတယ်လေ။အမေ့စကားနားထောင်ပါ သားရယ်"

ဦးချစ်ခိုင်လည်း ဒီသားအမိတွေကြားထဲမှာ ဘယ်လိုဘယ်ပုံဖျောင်းဖျပေးရမယ်မှန်းမသိ။ဒိုဒိုက အလွန်ခေါင်းမာနေလျက်ရှိပြီး ဒေါ်ဒေါ်ကလည်း သူ့သားကို ဖိအားပေးပြီး တွန်းလွှတ်နေတော့တာ။

အကြောင်းအရင်းကတော့ ဒိုဒိုနဲ့ဦးချစ်ခိုင်ရဲ့လက်ထပ်ပွဲအား ဒိုဒို့အဖေဖြစ်သည့် ဦးသိန်းလှိုင်ကို သွားဖိတ်ရန် ဒေါ်ကျော့နဒီက ဖျောင်းဖျနေခြင်းပင်။ဦးသိန်းလှိုင်က ဘယ်လောက်မကောင်းဘူးပဲဆိုဆို ဒိုဒိုလေးရဲ့အဖေဖြစ်တာမို့ ဦးချစ်ခိုင်အနေနဲ့လည်း ဒေါ်ဒေါ်ကျော့၏သဘောဆန္ဒကို လက်ခံမိသည်။

သို့ပေမယ့် ဒိုဒိုလေးက ဒါကိုလက်မခံချင်။ဦးသိန်းလှိုင်ကိုမဖိတ်ဘဲ ရှိနေသည့်ဒေါ်ဒေါ်ကျော့နှင့်သာ မင်္ဂလာပွဲကို လုပ်လိုက်စေချင်သည်။ဒိုဒို့ကြည့်ရတာ သူ့အဖေဖြစ်သူကို အရမ်းစိတ်နာနေသည့်ပုံပါ။

"မဖိတ်ချင်ဘူး အမေရာ။သူ့ကိုဖိတ်ရင် သူ့အီစီကလီမိန်းမက ပါလာဦးမယ်။သားမဖိတ်ချင်ဘူး။သားမင်္ဂလာပွဲကို သူတို့နှစ်ယောက်မပါပဲဘဲ လုပ်ချင်တယ်။အလကား အကုသိုလ်တွေ"

"သားရယ်..ကိုယ့်အဖေကို အဲ့လိုမပြောရဘူးလေ။အခု သားတာဝန်က သူတို့ကို ပွဲဖိတ်တဲ့အကြောင်း သွားပြောရုံပဲ။ပွဲကို လာတာမလာတာ သူတို့အပိုင်းပဲ။သူတို့က ဒီလောက်ဂုဏ်မောက်နေကြတာ..အမေတို့လို ရပ်ကွက်စုတ်လေးမှာလုပ်တဲ့ မင်္ဂလာပွဲကို သူတို့ပဲ တက်ပါစေဦး..သားရယ်။ မလာဖို့ကများပါတယ်"

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now