🌀Chapter (9)🌀

296 24 22
                                    

*Zawgyi*

"ညတုန်းက ဦးချစ်ခိုင်ကြီး ဒေါ်ကျော့နဒီတို့အိမ်ရှေ့မှာ ဂစ်တာတီးပြီး သီချင်းသွားဆိုတယ်ဆို။ဘယ်သူ့ကိုသွားပိုးတာတုန်း"

ချစ်စတိုးမှာ ဈေးလာဝယ်ကြသည့် အမာခံဖောက်သည်အချို့က ဆိုင်ရှင်ဦးချစ်ခိုင်အား စပ်စပ်စုစုမေးမြန်းကြတော့သည်။ဒါတွေအားလုံးရဲ့ အဓိကတရားခံကတော့ ဈေးထဲမှာ မြန်မာမုန့်တွေရောင်းသည့် မပုတုတ်ကြောင့်ပင်။မပုတုတ်က ဒိုဒိုတို့အိမ်နဲ့တစ်အိမ်ကျော်မှာ နေထိုင်တာဖြစ်၏။ညက ဦးချစ်ခိုင် သီချင်းလာဆိုတုန်း မပုတုတ်ကတွေ့သွားတာဖြစ်ပြီး ဦးချစ်ခိုင်နဲ့ဒေါ်ကျော့နဒီကို ယိုးစွပ်လိုက်ခြင်းဖြစ်သည်။

ဒေါ်ကျော့နဒီနှင့် ဦးဖေငြိမ်း ညားနေသည့်ဖြစ်ရပ်အား သိသည့်သူလည်းရှိသလို မသိသည့်သူတွေကပိုများလှ၏။ဒေါ်ကျော့နဒီတို့က အခုထိ တရားဝင်ကြေငြာသေးတာမှမရှိသေးတာ။သို့ပေမယ့် မပုတုတ်ကတော့ ထိုအကြောင်းအရာအားသိသည်။သိသိလျက်နှင့် ဒေါ်ကျော့နဒီတို့ စီးပွားအနည်းငယ်ပျက်စေရန်အလို့ငှာ မဟုတ်ရိုးအမှန် သတင်းတွေကို လျှောက်ဖွချလိုက်တာဖြစ်သည်။ဒေါ်ကျော့နဒီဆိုင်နှင့်မပုတုတ်ဆိုင်ကလည်း ရောင်းတဲ့ကုန်ပစ္စည်းကတူနေလေတော့ စီးပွားပြိုင်ဘက်တွေလိုကိုဖြစ်နေကြတာ။

ဦးချစ်ခိုင်မှာ ခေါင်းတကုတ်ကုတ်နှင့် ဘာပြန်ပြောလို့ပြောရမယ်မှန်းမသိ။သူက ဒေါ်ဒေါ်ကျော့အား ပိုးပန်းနေသည်ဟု အကြောင်းမသိသည့်လူအချို့က ထင်နေကြတာ။အမှန်တရားကို ရှင်းပြလိုက်လျှင်လည်း ကြားထဲက ဒိုဒိုလေးက အရှက်ရကာ စိတ်ညစ်ရမလားမသိချေ။

"အမ်..ဘယ်လိုပြောရမလဲဗျာ။ဒါကတော့"

"မပြောချင်လည်း မပြောပြပါနဲ့တော့ ဦးချစ်ခိုင်ကြီးရယ်။ဦးချစ်ခိုင်ကြီးက လူပျိုကြီးဆိုတော့ ဒီလိုကိစ္စတွေကို ပထမဆုံးအကြိမ်ကြုံရတာဆိုတော့ ရှက်နေမှာပေါ့။ကျွန်မတို့ကလည်း ဒါတွေကိုနားလည်ပါတယ်..အဟိ"

"ဟို..မဟုတ်"

"ရတယ်..ရတယ်။ရှင်းပြမနေနဲ့တော့။ဒေါ်ကျော့နဒီကို ပိုးနေတယ်ဆိုလည်း အစကတည်းက ကျွန်မတို့ကို ပွင့်ပွင့်လင်းလင်းပြောရောပေါ့ ဦးချစ်ခိုင်ကြီးရဲ့။ကျွန်မတို့မှာ အခုတော့ အသည်းတွေကွဲပြီ။မှန်မှန်ပြောစမ်း..ဘယ်အချိန်ကတည်းက ဘေးဆိုင်က ဒေါ်ကျော့နဒီကို ကြိတ်ပုန်းကြိုက်နေတာလဲ"

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now