🌀Chapter (25)-Final🌀

777 31 4
                                    

*Zawgyi*

တိတ်ဆိတ်နေသော ဆေးရုံခန်းလေးထဲ တံခါးခေါက်သံ တဒေါက်ဒေါက်က ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။လာစရာဧည့်သည်လည်းမရှိတာမို့ ဘယ်သူလာတာများလဲဟု အတွေးတွေဝင်နေတုန်းမှာပင် တံခါးက ဖြည်းဖြည်းချင်းပွင့်ဟလာလေသည်။တံခါးဖွင့်ဝင်လာသောသူကို မြင်မြင်ချင်းမှာပင် ဒိုဒို့မျက်နှာဟာ အံ့သြမှုအတိုင်းသားဖြစ်သွားရတော့သည်။

ထိုလူက သူမဝယ်လာသောသစ်သီးစသည်တို့ကို ဆေးရုံစားပွဲပေါ်တွင်ချကာ ဒိုဒို့ဆီသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာလေ၏။မျက်နှာကတော့ မူမမှန်စွာ ပျက်ယွင်းလျက်။

"ဦးချစ် ဆေးရုံတက်နေရတယ်ကြားလို့ နွဲ့လာကြည့်တာပါ"

နွဲ့က အားနာနေသောမျက်နှာငယ်လေးနှင့် ပြောနေတာ။ဒိုဒိုကတော့ ခေါင်းကိုငုံ့ထားဆဲ။ဒိုဒိုနဲ့ရန်သူသဖွယ်ဖြစ်ခဲ့သော ထိုမိန်းမ ရောက်လာတော့လည်း ဘာတတ်နိုင်မည်နည်း။ဦးချစ်ခိုင် ဆေးရုံတက်ရသည့်နေ့မှစလို့ သူတို့နှစ်ယောက်အပေါ် သံသယတွေကင်းရှင်းသွားခဲ့တာ ကြာပါပြီ။ဒါကို ဒီအနှီမိန်းကလေးက ထိုကိစ္စအား တကူးတကလာရှင်းပြသည်လား မသိချေ။

ဒိုဒို ဘာမှမပြောတော့ နွဲ့ကပဲ စကားဆက်တော့သည်။

"အရာရာအတွက် နွဲ့တောင်းပန်ပါတယ်။နောက်ဆုံးတွေ့တဲ့နေ့တုန်းက ဦးချစ်က နွဲ့ကို ပြောရှာပါတယ်။သူ့ကလေးက နွဲ့နဲ့ဦးချစ်ကို အထင်လွဲနေလို့ သူအရမ်းစိတ်ညစ်နေသတဲ့လေ"

ကျယ်ဝန်းတိတ်ဆိတ်သောအခန်းလေးထဲ နွဲ့ဆိုသောမိန်းကလေး၏အသံမှလွဲ၍ အပ်ကျသံတောင် မကြားရချေ။အရာရာဟာ အချိန်လွန်သွားခဲ့ပြီမို့ နွဲ့ အခုမှလာရှင်းပြနေလည်း ဘာမှမထူးတော့။

"ကျွန်တော်.."

"ဒီတစ်ခါတော့ နွဲ့ဘက်ကစကားကိုပဲ နားထောင်ပေးပါ ဒိုဒို။နွဲ့အပေါ် အထင်လွဲနေတာလေးတွေကိုရှင်းပြချင်လို့ နွဲ့ ဒီအထိရောက်လာခဲ့တာပါ"

ဒိုဒို စကားဖြတ်ပြောသော်လည်း မအောင်မြင်ခဲ့ချေ။သူမက အရင်ပြောမည်ဟုဆိုကာ ဒိုဒို့ကို ဆက်ပြောခွင့်မပေး။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now