🌀Chapter (23)🌀

247 16 0
                                    

*Zawgyi*

အိမ်ကိုပြန်ပြီး အမေ့ရဲ့ တစ်ကိုယ်ရည် တစ်ကာယပစ္စည်းများအပါအဝင် ငွေအချို့ကိုပါ ဝင်ယူပြီးပြန်အလာတွင် ဒိုဒို့မျက်နှာဟာ စိတ်မချမ်းမြေ့မှုများကြောင့် နွမ်းလျလျ။စိတ်တွေ ပြိုလဲမတတ်ဖြစ်နေသည့်အချိန်တွင် အသည်းမွမွကြေဖို့အကြောင်းတရားကပါ ထပ်ဖြစ်တည်လာသောအခါ ဒိုဒို့စိတ်တို့ ခံနိုင်ရည်မရှိပါတော့ချေ။

လူနာအခန်းတံခါးလေးကို ဖြည်းဖြည်းချင်းတွန်းဖွင့်ဝင်လိုက်သည့်အချိန်တွင် ဒေါက်တာနှင့်သူနာပြုတို့အုပ်စုက အမေ့ကုတင်ဘေးနား ပတ်ပတ်လည်မှာ အမေ့ကို စစ်ဆေးမှုများပြုလုပ်နေသည်ကို တွေ့ရှိလိုက်ရ၏။

"အခြေအနေ ဘာများထူးလို့ပါလဲ ဒေါက်တာ"

အမေ့ကိုကြည့်တော့လည်း အခုထိ သတိပြန်မလည်သေး။သို့ပေမယ့် ဆရာဝန်က ဘာကြောင့်များ အမေ့နားရှိနေရသနည်း။

"ခဏနေရင် လူနာ သတိပြန်လည်လာပါလိမ့်မယ်။ကျွန်တော် အကြံပေးကြည့်ရမယ်ဆိုရင်တော့ လူနာ သတိပြန်လည်လာရင် လူနာကို ဒီဆေးခန်းလေးမှာ ကုသတာထက်စာရင် ကင်ဆာဖောင်ဒေးရှင်းပဲဖြစ်ဖြစ်၊အဆင့်မြင့်ဆေးရုံမှာပဲဖြစ်ဖြစ် ပြောင်းကုသစေချင်တယ်။ဆေးရုံတို့၊ဖောင်ဒေးရှင်းတို့က ကျွန်တော်တို့ဆေးခန်းထက် ခေတ်မီစက်ကိရိယာတွေ ပိုစုံလင်လို့ပါ"

ဒေါက်တာလေးက အမေ့ကို ဒီဆေးခန်းမှာ ဆက်မကုစေချင်သည့်ပုံပင်။ ရပ်ကွက်ဆေးခန်းလေးသာသာမျှ ရှိတာမို့ ဒေါက်တာပြောသည့်အတိုင်း ခေတ်မီစက်ကိရိယာတွေလည်း စုံလင်စွာမရှိပေ။ဆရာဝန်အင်အားကလည်း လုံလောက်စွာမရှိတာမို့ အမေ အရေးပေါ်အခြေအနေတစ်ခုခုဖြစ်လာပါက ဆေးရုံလိုနေရာမျိုးမှာသာ ပိုအဆင်ပြေပေလိမ့်မည်။ငွေကြေးပိုကုန်ကျမယ်ဆိုသော်ငြား မတတ်နိုင်ပေ။ ဖြစ်လာသမျှကို ရင်ဆိုင်ရုံပဲပေါ့။

"ဟုတ်ကဲ့။ဒေါက်တာအကြံပေးတဲ့အတိုင်း ကျွန်တော်တို့ လိုက်လုပ်မှာပါ။သြော်..ဒါနဲ့ ဒေါက်တာ..ကျွန်တော်နဲ့အတူလာတဲ့ လူနာစောင့်ဦးလေးကြီးတစ်ယောက်ကိုရော တွေ့မိသေးလား"

ဒိုဒို ဦးဖေငြိမ်းအား မေးလိုက်ခြင်းဖြစ်၏။ဒီလူဟာ ဘယ်တွေလျှောက်သွားနေသလဲ မသိ။ဒိုဒို အိမ်ပြန်တုန်း တခဏတာကို အမေ့အား သူ့လက်ထဲအပ်ခဲ့ကာမှ စိတ်ကိုမချရပါ။လူနာအနားတွင်လည်း မရှိဘဲ ဘယ်ရွာရိုးကိုးပေါက်နေသည်မသိ။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now