🌀Chapter (19)🌀

236 19 4
                                    

*Zawgyi*

"ဒီကိစ္စက ဦးချစ်ခိုင် ကူညီပေးမှဖြစ်မှာမို့ပါ။ကျွန်မပြောတာ နားလည်တယ်မို့လား။ကျွန်မရဲ့မိဘမေတ္တာတွေပါ ဦးချစ်ခိုင်ရယ်"

ဒေါ်ဒေါ်ကျော့ဆီက ထိုစကားကြားလိုက်ရတော့ ဦးချစ်ခိုင်ခမျာလည်း ဘာပြန်ပြောလို့ပြောရမယ်မှန်းမသိတော့ချေ။

အချိန်တွေအလီလီပြောင်းလဲလာခဲ့သလို ဒိုဒိုနဲ့ဦးချစ်ခိုင်တို့ လက်ထပ်ထားတာလည်း တစ်လစွန်းစွန်းဖြစ်နေခဲ့လေပြီ။ဒီနေ့ကတော့ ဒေါ်ကျော့နဒီတို့အိမ်ကို ထုံးစံအတိုင်း လာလည်ကြတာဖြစ်ပြီး မုန့်တွေဝိုင်းစုစားကြတာဖြစ်၏။ဒါဟာ အပတ်တိုင်း မိဘအိမ်သွားလည်ကြသည့် လုပ်ရိုးလုပ်စဉ်တစ်ခုသာ။

ဦးချစ်ခိုင် ခေါင်းညိတ်ပြလိုက်တော့မှ ဒေါ်ကျော့နဒီက သူမပါးပြင်ပေါ်က မျက်ရည်စတွေကို ပွတ်သုတ်ကာ ကျေနပ်ပြုံးပြန်ပြုံးပြလာ၏။

"ကျွန်တော်အဆင်သင့်ဖြစ်နေပြီနော် အဘိုးကြီး။သွားမယ်ဆိုရင် မုန့်တွေမကုန်ခင် သွားကြစို့လေ"

အိမ်နောက်ဖေးခန်းမှထွက်လာသော ဒိုဒို့အသံကြားတော့မှ ဦးချစ်ခိုင်နှင့်ဒေါ်ကျော့နဒီတို့ သတိပြန်ဝင်လာကြကာ ဟန်မူမပျက် နေလိုက်ကြလေသည်။

ဟုတ်သည်။ဦးဖေငြိမ်းတို့နေထိုင်သော (၃)ရပ်ကွက်တွင် သီတင်းကျွတ်နီးပြီဖြစ်တာမို့ နိဗ္ဗာန်ဈေးပွဲတော်ရှိလေသည်။ရပ်ကွက်တိုင်း တစ်ရက်စီပြုလုပ်သွားကြတာဖြစ်ပြီး ဒီနေ့ကတော့ (၃)ရပ်ကွက်၏အလှည့်ပေ။ဒိုဒိုကတော့ ကလေးတစ်ယောက်ကဲ့သို့ပင် ပြုံးလို့ပျော်လို့ ဈေးပွဲတော်အားဆင်နွှဲရန် အသင့်အနေအထားနှင့်။မသိလျှင် မိဘအိမ်လာလည်တာလား၊ ဈေးပွဲတော်ဆီလာတာလား မသဲကွဲပါချေ။

"အမေချက်တဲ့ထမင်းတွေ အဝစားခဲ့တယ်မဟုတ်လား။ခဏနေမှ သွားပါလား သားရယ်။အခုက နေနည်းနည်းရှိန်သေးတော့ အပူရှပ်ကြလိမ့်မယ်။ဦးချစ်ခိုင်ကြီးလည်း ရောက်ကတည်းက အမေနဲ့စကားပြောနေကြတာဆိုတော့ ထမင်းမစားရသေးရှာဘူး။ဦးချစ်ခိုင်ကို ထမင်းစားဖို့ အချိန်ပေးလိုက်ပါဦး"

ထိုအခါ ဒိုဒိုက မျက်နှာကြီးကို မကျေနပ်ဟန်ဖြင့် တမုဟုတ်ချင်း စူပုတ်လိုက်လေသည်။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now