🌀Chapter (4)🌀

413 39 20
                                    

*Zawgyi*

နေ့လည်နေ့ခင်း ချစ်စတိုး ၂ခန်းတွဲဆိုင်လေးထဲမှာ ဦးချစ်ခိုင်တစ်ယောက် ငုတ်တုတ်ပင်။မိုးတွေအုံ့မှိုင်းနေတော့ အရောင်းလည်းပါး၏။ဒီနေ့တစ်နေ့လုံးစာ ရောင်းထားသည့် ပစ္စည်းListကိုငေးကြည့်ရင်း ငွေစာရင်းသာထိုင်ကောက်တွက်နေလိုက်တော့သည်။

"အဟွတ်!!အဟွတ်!!"

ထုံးစံအတိုင်း အသံက ဟိုဘက်ဆိုင်ခန်းကနေလာတာ။ဟိုကောင်လေး ဘာတွေဖြစ်နေပြန်လဲမသိ။အဲ့ကောင်လေးရောက်လာမှသာ ဦးချစ်ခိုင်လည်း စိတ်အာရုံတွေနောက်ကျိရတော့တာ။သူ့အမေ ဒေါ်ကျော့နဒီဆိုသည့်မိန်းမကြီး ဆိုင်ထွက်နေတုန်းကဆို အေးဆေးပင်။ ဦးချစ်ခိုင် သူမနဲ့လည်းခင်ပါသည်။သူမကလည်း ဖော်ဖော်ရွေရွေရှိလှသည်။အခုတော့ သိပ်မကြာသေးသည့်အချိန်အတွင်း သူ့သားဖြစ်သူအား ဆိုင်ကို လက်လွှဲလိုက်သည်လားမသိ။သူ့သားပဲ ဆိုင်လာလာထွက်နေသည်။

"အဟွတ်!!အဟွတ်!!"

ဟွတ်သံတို့ ပို၍မြိုင်ဆိုင်လာကာ ပိုပြီးကျယ်လောင်လာသည်။သွေးအန်နေတာများလား။မဟုတ်လောက်ပါဘူး။

လျစ်လျူရှုဖို့ကြိုးစားပါသော်လည်း သူတစ်ပါး အခက်အခဲတွေ့နေလျှင် ကူညီချင်မိသောစိတ်က ထိန်းမရ။အခုလည်း တစ်ဖက်ဆိုင်ကကောင်လေး သွေးအန်နေသည်လားမသိ။ခဏတော့သွားကြည့်မှဖြစ်တော့မည်။

စာရင်းတွက်နေသောဘောပင်ကိုခဏချကာ ဟိုဘက်ဆိုင်ဆီ ပြေးကြည့်မိသည်။

သူ့ဆီရောက်သွားတော့ ကောင်လေးမှာ သွေးအန်နေသည်တော့မဟုတ်။တစ်ခုခုဖြစ်နေတာတော့သေချာ၏။

သူဘာဖြစ်နေမှန်း ကိုယ်မသိတာမို့ ကောင်လေးကိုသာ ကြောင်အစွာငေးကြည့်နေမိသည်။ထိုအခါ ကောင်လေးက ဦးချစ်ခိုင်အား မျက်ထောင့်နီနှင့်မော့ကြည့်လာ၏။

"အဟွတ်!!ဘာရပ်လုပ်နေတာလဲ..ခင်ဗျား။ဒီမှာ..အရိုးစူးနေပါတယ်ဆိုကာမှ..အဟွတ်"

ကောင်လေးစကားအဆုံး စားပွဲပေါ်က စတီးထမင်းချိုင့်ဆီအကြည့်ရောက်မိသည်။ထမင်းနဲ့ငါးဟင်း။ဒါဆို ဒီကောင်လေး ငါးရိုးစူးနေတာများလား။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now