🌀Chapter (11)🌀

285 25 21
                                    

*Zawgyi*

"ဒိုဒိုလေး ဦးကို အဖြေပြန်မပေးသေးဘူးလားဟင်"

တိတ်ဆိတ်နေသော ညအလယ်မှာ အဘိုးကြီးရဲ့ချစ်အဖြေတောင်းသံက တိုးညင်းညင်သာစွာ။

ဒိုဒို့ခမျာ ဗျာဟုသာ အာမေဋိတ်ပြုနိုင်တော့သည်အထိ ရင်တွေလည်းခုန်လာပြီး ပြောစရာစကားများပျောက်ရှနေလျက်။ရုတ်တရက်ကြီး မေးလာသော မေးခွန်းပေမို့ စဉ်းစားပြီးနေပြီဖြစ်သော အဖြေကို ချက်ချင်းပြန်ဖြေပေးလိုက်ရင် ကောင်းမလားဟု တွေဝေနေမိတော့သည်။

ပြီးမှ တွေးမိသည်က ဟင့်အင်း..မဖြစ်သေးပါဘူး။ညနက်အချိန်မတော် ဒီအခန်းထဲမှာ အဘိုးကြီးနဲ့ဒိုဒို နှစ်ယောက်တည်းရှိနေတာ။ဒိုဒိုသာ အဖြေပြန်ပေးလိုက်လျှင် ဒီလက်ရဲဇတ်ရဲအဘိုးကြီးက ဘာထလုပ်မည်မှန်းမသိ။ဒိုဒို ကြောက်မိသည်။

"ဟင့်အင်း။ကျွန်တော် စဉ်းစားပါရစေဦး"ဟု ပြောမိတော့ လက်မြန်ခြေမြန်အဘိုးကြီးက လျင်မြန်စွာနှင့် ဒိုဒို့သနပ်ခါးပါးပြင်အား ရွှတ်ခနဲ လှမ်းမွှေးလိုက်၏။

"သနပ်ခါးတောင် မခြောက်သေးဘူးလေ အဘိုးကြီး"

သနပ်ခါးတောင်မခြောက်သေးဘဲ အတင်းနမ်းလိုက်သောကြောင့် အဘိုးကြီးရဲ့နှာသီးဖျားဝတွင် သနပ်ခါးစက်လေး ကပ်ငြိလို့သွားသည်။

အခန်းထဲက ညအိပ်မီးရောင်ဖျဖျ၏အောက်ဝယ် အဘိုးကြီး၏အသားညိုညိုကြားတွင် နှာခေါင်းက ဝင်းဝါနေသော သနပ်ခါးစက်လေးတစ်ခုရယ်၊မီးအရောင်ကြောင့် ရောင်ပြန်ဟပ်ဝင်းထိန်နေသော ထိပ်ပြောင်ပြောင်ခေါင်းတစ်လုံးရယ်ကိုသာ တလက်လက်တွေ့မြင်နေရသည်။

"ခွိ..ဟားဟား"

"ဦးကိုကြည့်ပြီး ဘာတွေရယ်နေတာလဲ ဒိုဒို။ဦးက အဲ့လောက်တောင် ရယ်စရာကောင်းနေတာလား"

"ဒါပေါ့"

"ဒိုဒိုလေးမျက်နှာမှာ အပြုံးပန်းတွေဖြစ်တည်ဖို့ဆိုရင် ဦး လူရွှင်တော်ဖြစ်နေရလည်း ကျေနပ်ပါတယ်"

"ခင်ဗျားနော်..စကားတွေတတ်နေလိုက်"

"အဲ့လောက်တော့ စကားတတ်ထားရတာပေါ့။ဦးက ဈေးသည်ပဲလေ။ဈေးသည်တစ်ယောက်က ဝယ်သူတွေကို သူ့ကုန်ပစ္စည်းရောင်းထွက်ဖို့အတွက် ကုန်ပစ္စည်းအကြောင်းကို အာပေါင်အာရင်းသန်သန်နဲ့ ဖွဲ့နွဲ့ရှင်းပြမှ ဝယ်သူက ဝယ်ချင်လာမှာပေါ့။အခုလည်း အဲ့လိုပါပဲ။ဦးက ကုန်ပစ္စည်း။ဦးကို ဒိုဒို ဝယ်ချင်လာအောင် စကားတွေတတ်ပြနေရတာပါ"

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now