🌀Chapter (10)🌀

313 26 22
                                    

*Zawgyi*

အမည်းရောင်နှစ်ထပ်ပျဉ်ထောင်အိမ်လေးတည်ရှိသော ခြံဝိုင်းလေးထဲ ညနက်နက်ကြီးအချိန်မတော်တွင် လူတွေပျားပန်းခတ်အလုပ်ရှုပ်နေကြလေသည်။ခြံဝိုင်းထဲက ပန်းဥယျာဉ်လေးဘေးမှာ စားပွဲဝိုင်းတွေကိုချကာ ကြက်သွန်တွေခွာသူကခွာ၊ ဟင်းအိုးကိုမွှေသူကမွှေ၊ပန်းကန်တွေကို လက်နှီးနှင့် သေချာသုတ်သူကသုတ်နှင့် အလုပ်များနေကြ၏။

မနက်ဖြန်ဆိုလျှင် ဦးဖေငြိမ်းနှင့် ဒေါ်ကျော့နဒီတို့၏မင်္ဂလာအခမ်းအနားနေ့ဖြစ်သည်။ကမန်းကတန်း ချက်ချင်းစီစဉ်လိုက်ရသောပွဲမို့ ကိုယ့်ခြံဝိုင်းထဲမှာသာလုပ်ဖြစ်လိုက်ပြီး ရပ်ကွက်ကအသိမိတ်ဆွေတွေကို စတုဒိသာအလှူသဘော ဖိတ်ကြားလိုက်သည်။မနက်အရုဏ်တက်တွင် ဘုန်းကြီးငါးပါးအား မင်္ဂလာဦးဆွမ်းကျွေးကပ်မည်ဖြစ်ပြီး ဧည့်သည်တော်တွေကတော့ အုန်းနို့ခေါက်ဆွဲ စတုဒိသာစားကြရမည်ဖြစ်သည်။

မနက်ဖြန်က ပွဲနေ့ဖြစ်သဖြင့် ရပ်ကွက်ထဲက ကာလသားတွေရော၊မိန်းကလေးအချို့ပါ လုပ်အားပေးဝိုင်းကူကြသည်။တစ်ညလုံး အုန်းနို့ခေါက်ဆွဲ ချက်ကြမှာဖြစ်ပြီး အရုဏ်တက်မရောက်ခင်အထိ ဟင်းရည်အိုးကို မီးအပူ တောက်လျှောက်ပေးထားတော့မှာပင်။

သတို့သမီး၏သားလေးမှာလည်း ဟိုပြေးဒီပြေးနှင့် အလုပ်ရှုပ်နေလျက်ရှိသည်။စိတ်အားထက်သန် တက်တက်ကြွကြွဖြင့် လုပ်အားပေးထဲမှာ ဝိုင်းကူလုပ်ပေးနေသည့် သားလေး၏မြင်ကွင်းအား အိမ်အပေါ်ထပ်က မိခင်ဖြစ်သူမှာ လှမ်းငေးကြည့်ရင်း ပြုံးနေမိတော့သည်။

"ဟယ်..ဦးချစ်ခိုင်ကြီးပါလား။လက်ထဲမှာလည်း အထုပ်တွေပါလာပြန်ပြီ။ ဘာတွေသယ်လာပြန်တာတုန်း။အားနာစရာကြီး"

ပါးစပ်မှ "အားနာစရာကြီး"ဟုဆိုလိုက်ပေမယ့် လက်ကတော့ ဦးချစ်ခိုင်လက်ထဲမှအထုပ်တွေကို ဆွဲယူလိုက်သည့် ဒေါ်ကျော့နဒီ။

"မနက်အတွက် အချိုပွဲတွေပါ ဒေါ်ဒေါ်။ဆနွင်းမကင်း၊ရွှေကြည်၊ ကျောက်ကျော အစုံပေါ့။ဒေါ်ဒေါ်တို့ဆိုင်က မရတဲ့မုန့်တွေပဲ ရွေးဝယ်လာခဲ့တယ်"

"အယ်..ဟုတ်သား။ကမန်းကတန်းဆိုတော့ အချိုပွဲကိစ္စကို စီစဉ်ဖို့ ကျွန်မ မေ့နေတာ။ဦးချစ်ခိုင် ကယ်ပေလို့သာပေါ့။ကျေးဇူးပါ ဦးချစ်ခိုင်ကြီးရယ်။ကျွန်မ ဦးနှောက်က အဲ့လိုပဲ ခဏခဏမေ့နေတတ်တာ"

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now