*Zawgyi*
ရွှေသာယာ (၄)ရပ်ကွက်လေး၏ အရုဏ်တက်မနက်ခင်းလေးသည် တိတ်ဆိတ်အေးချမ်းလှစွာ။ဘုန်းတော်ကြီးကျောင်း၏ကုလားတက်ခေါက်သံနှင့်အတူ ကြက်ဖတွန်သံများအား တစ်ချက်တစ်ချက် ထကြားရသည်မှလွဲ၍ ပတ်ဝန်းကျင်တွင် အရာရာသည် လှုပ်ရှားမှုမရှိစွာ ငြိမ်သက်လျက်ရှိချေသည်။
နှစ်ထပ်အုတ်သားအိမ်လေး၏အပေါ်ထပ် အိပ်ခန်းလေးထဲတွင်တော့ သံကုတင်ထက်မှာ အိပ်မောကျစွာ အိပ်စက်နေကြသည့် မောင်နှံနှစ်ဦး။ကောင်လေးက ဦးလေးကြီး၏ရင်အုပ်နေရာကို ခေါင်းအုံးသဖွယ် နေရာယူလို့ ဦးလေးကြီးကတော့ ကောင်လေး၏ ခါးဖိုင့်ဖိုင့်လေးအား ဖွဖွဆုပ်ကိုင်ထားရင်း အိပ်စက်အနားယူလျက်ရှိနေကြသည်။
"ကြက်ဖတွန်နေပြီလေ။ထကြစို့ အဘိုးကြီး"
ခါးအောက်ပိုင်းမှနာကျင်မှုအား တကျစ်ကျစ်နှင့်စုတ်သပ်လိုက်ရင်း အဘိုးကြီး၏ပခုံးနှစ်ဖက်ကိုလည်း ခပ်ကြမ်းကြမ်းလှုပ်ရမ်းလိုက်ကာ ဒိုဒို အိပ်ရာမှ တဖြည်းဖြည်းချင်းထလိုက်လေသည်။အဘိုးကြီးကတော့ အခုထိကိုမနိုးနိုင်သေးချေ။ညတုန်းက မွတ်သိပ်စွာ သောင်းကျန်းထားတာမို့ အိပ်ပျော်လျက်ရှိနေတုန်းပင်။
"ထတော့လို့။တကယ်မနိုးတာလား။အိပ်ချင်ယောင်ဆောင်နေတာလား"
ဒိုဒို ပြောလိုက်တော့မှ အဘိုးကြီး၏ခန္ဓာကိုယ်က လှုပ်လှုပ်ရွရွဖြစ်လာကာ ဒိုဒို့၏ခါးအား လက်တစ်ဖက်ဖြင့် ပြန်ဆွဲယူရင်း အိပ်ရာပေါ် ပြန်လှဲအိပ်စေသည်။
"တော်ပြီ။ကျွန်တော်မအိပ်တော့ဘူး။အိပ်ရာထတော့မယ်"
ဘယ်လောက်ပြောပြော မရဘဲ အဘိုးကြီးက အားပါပါနှင့် အိပ်ရာပေါ် ပြန်ဆွဲချနေတာမို့ ဒိုဒို့မှာ အိပ်ရာပေါ် ပြန်လဲကျရတော့သည်။ကိုယ်က ဘယ်လောက် ဝသည်ပဲဆိုဆို အဘိုးကြီး၏စိတ်အားထက်သန်နေသော အားအင်တို့အား မယှဉ်နိုင်ပါလေ။
"အိပ်ပါဦးကွာ။အစောကြီးပဲရှိသေးတယ်။ဒီနေ့ ဆိုင်နှစ်ဆိုင်လုံး မထွက်တော့ဘူးကွာ။ပိတ်လိုက်တော့"
"ပိတ်လို့ရမလား။တစ်နေ့စာ ဆုံးရှုံးတာပေါ့။မပိတ်ပါဘူး။ဆိုင်သွားဖွင့်ကြမယ်လေနော်"
![](https://img.wattpad.com/cover/305991310-288-k452527.jpg)
ESTÁS LEYENDO
လေလျင်မျောတဲ့ ချစ်စကြာ{Completed}
Romance🌀Cover By Aqua🌀-Fancy romance×Comedy Theme- 🌀လေလျင်မှာမျောတတ်တဲ့ ရောင်စုံစကြာလေးတွေက ဦးတို့နှစ်ယောက်ကြား အချစ်သင်္ကေတတစ်ခုအဖြစ် မယ်မယ်ရရ မှတ်ယူလို့ရသွားတာပေါ့။ 🌀 Started➡️3.4.2022 Completed➡️24.6.2022 🌀လေလျင်မှာမျောတတ်တဲ့ ရောင်စုံစ...