🌀Chapter (20)🌀

233 14 6
                                    

*Zawgyi*

"အား!!အောင့်တယ် ဦးရဲ့။ဖြည်းဖြည်းလုပ်ပါ"

ဝါလကင်းလွတ် သီတင်းကျွတ်ညလေးတစ်ညတွင် ထွက်ပေါ်လာသော အော်သံတချို့။အိမ်တိုင်း၊အိမ်တိုင်းတွင် မိသားစုစုံစုံလင်လင်နှင့် မြတ်စွာဘုရားကို ပူဇော်ဖို့ရာ ဆီမီးများထွန်းညှိနေကြသော်လည်း ဒိုဒိုတို့မောင်နှံနှစ်ဦးကတော့ သံကုတင်ထက်မှာပင်။

ဒိုဒိုတစ်ယောက် ထိုသို့အော်လိုက်တော့ ဗိုက်ကို ပရုပ်ဆီလိမ်းပေးနေသော ဦးချစ်ခိုင်၏လက်တွေ ရပ်တန့်သွားလေ၏။

"ခဏလေးပဲ သည်းခံပေးပါ ကလေးရယ်။နို့မို့ဆို ကလေး ဗိုက်အောင့်တာ ပျောက်မှာမဟုတ်ဘူးရယ်။ဟောဒီလို ဗိုက်ကို သေချာပွတ်လိမ်းပေးမှ ရောဂါပျောက်မှာပေါ့"

နေ့လည်တုန်းက ဒေါ်ကျော့နဒီ လာပို့သည့် ငရုတ်သီးနိုင်းချင်း ရခိုင်မုန့်တီသုပ်များကို ဒိုဒို အစားကြူးမိ၍ အခု အော်ဟစ်လိမ့်ထိုးနေရသည်အထိ ဗိုက်အောင့်နေခြင်း ဖြစ်လေသည်။ထိုအခါ မနေနိုင်သော ဦးချစ်ခိုင်က သူကိုယ်တိုင်အောင့်နေသကဲ့သို့လို ပျာယာခတ်လျက် ဒိုဒို့ဗိုက်ကို ပရုပ်ဆီပူပူနှင့် သေသေချာချာပွတ်လိမ်းပေးနေတော့တာ။

"တကယ်နာလို့ ပြောနေတာဗျ။ဗိုက်ထဲက ထိုးထိုးအောင့်နေတာကို ခင်ဗျားက ခင်ဗျားရဲ့အားကြီးနဲ့ ဗိုက်ကို ဖိနယ်နေတော့ ပိုနာတာပေါ့လို့"

"ကဲပါ..ကျွတ် ကျွတ်။ပြီးပြီနော်။ပြီးပြီ။ခဏနေရင် ကောင်းသွားလိမ့်မယ်"

ပြွတ်!

ပရုပ်ဆီတွေ ပေပွလျက်ရှိသော ဒိုဒို့၏ ဝဖိုင့်ဖိုင့်ဗိုက်ပူပူလေးအား ဦးချစ်ခိုင်က ပြွတ်ခနဲ တစ်ချက် ငုံ့နမ်းလိုက်ရင်း ဆွဲလှန်တင်ထားရသော ဒိုဒို့အင်္ကျီလေးအား ဗိုက်အောက်သို့ ပြန်ဆွဲချပေးလိုက်သည်။

"ဘာလို့ လျှောက်နမ်းနေရတာလဲ။ပရုပ်ဆီတွေလိမ်းထားတာကို။နှုတ်ခမ်းတွေ ပူကုန်ပါ့မယ်"

"ချစ်လို့လေ။ချစ်လို့။နှုတ်ခမ်းပူလည်း ကိစ္စမရှိပါဘူး။အဲ့ဗိုက်ပူပူလေးကို အသည်းတယားယားမြင်နေရပြီး ငုံ့မနမ်းရမှ ကိစ္စရှိတာ"

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now