🌀Chapter (3)🌀

524 40 6
                                    

*Zawgyi*

"ရှမ်းခေါက်ဆွဲ ရပါပြီရှင့်"

ဆံပင်ကို ကြက်တောင်စီးလေးစီးထားသော ရည်ရည်မွန်မွန်ကောင်မလေးမှ ခေါက်ဆွဲလာပို့ပေးသွား၏။ကျသင့်ငွေကို ရှင်းပေးလိုက်ရင်း ဝါးတူကိုဖောက်ကာ ခေါက်ဆွဲကို တူနှင့်ဆွနေလိုက်တော့ ပန်းကန်ထဲထည့်ထားသော မွှေးမွှေးပျံ့ပျံ့ရှမ်းချဉ်နံ့လေးက ထောင်းခနဲထလာတော့သည်။

"ဝါး..မွှေးနေတာဘဲ။ရှယ်ဘဲ"

အဲ့ဆိုင်က ငွေ ၈၀၀တည်းနဲ့ လူတစ်ယောက် ကောင်းကောင်းကြီးဗိုက်ဝလောက်သော ခေါက်ဆွဲပမာဏကိုပေးလေ့ရှိသည်။တန်လည်းတန်၊အရသာလည်းကောင်းသည်။

အရသာရှိလှသောခေါက်ဆွဲကို စားဖို့ ပါးစပ်ပြင်လိုက်ချိန်တွင် မိမိဆိုင်ရှေ့သို့ လူတစ်ယောက်လာရပ်လေသည်။ဒိုဒိုလည်း ဝယ်သူများလာလေသလားဆိုပြီး စားမယ့်ဝါးတူကိုခဏချကာ ခေါင်းမော့ကြည့်လိုက်သည်။

"ခွိ..ဟားဟား"

ဒိုဒို ဟက်ခနဲအသံထွက်သည်အထိ ရယ်မိတော့ အဲ့လူက ဒိုဒို့ကို မျက်မှောင်ကြုတ်ကြည့်နေသည်။

အဲ့လူ...။

ဟိုတစ်နေ့က ရောင်စုံအတွင်းခံဝတ်ထားသည့်အဲ့လူ။ခေါင်းပေါ်မှာက ဆံပင်မပါ၊အသားက ညိုညိုစိုစိုနှင့် ကို့ရို့ကားယားနိုင်လှသည့်လူ။အခုလည်း သူ့ထိပ်ပြောင်နဖူးလေယာဉ်ကွင်းပေါ်မှာ နီနီရဲရဲဘုသီးကြီးတစ်လုံးနှင့် ရောက်လာပြန်၏။ဘယ်နေရာမှာ နဖူးကို တစ်ခုခုနှင့်ဝင်တိုက်ခဲ့သည်မသိ။

လူက ဟိုနေ့က အတွင်းခံကိစ္စကြောင့် သူ့ကိုမြင်သည်နှင့် ရယ်ချင်နေရပါသည်ဆိုကာမှ အခုလည်း ထိပ်နီနီကြီးနှင့်ရောက်လာပြန်ပြီ။

"အဟမ်း!ဘာကိစ္စလဲ ဦးလေး။မုန့်ဝယ်မို့လို့လား"

သူ့ဆိုင်ကိုလာသည်နှင့် မုန့်ဝယ်မည်သာထင်နေသောကောင်လေးကို စိတ်ရှိလက်ရှိထုရိုက်ပစ်ချင်လာသည်။လူကိုလည်း လှောင်ပြောင်ရယ်မောနေလိုက်တာများ။

"မဟုတ်ဘူး"

"ဒါဆို ဘာလုပ်ဖို့လာတာလဲဗျ။ခေါက်ဆွဲစားနေတာတောင် အေးဆေးမစားရဘူး"

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Hikayelerin yaşadığı yer. Şimdi keşfedin