🌀Chapter (6)🌀

318 33 28
                                    

*Zawgyi*

"မောင်လေးရေ မနက်စာစားကြရအောင်"

အိမ်အောက်ထပ်မှပျံ့လွင့်လာသော အသံစာစာတစ်ခုကြောင့် မနက်အိပ်ရာနိုးနိုးချင်း ဒိုဒိုတစ်ယောက် စိတ်အကြီးအကျယ်ညစ်ညူးရတော့၏။အသံကိုက ကြောင်ကလေး အမြီးညပ်နေသကဲ့သို့ ညှောင်နာနာ။ကြားရသူအဖို့ နားဝင်မချိုစေပါဘဲ စိတ်ပျက်သွားစေသည်။

တက္ကသိုလ်မှာ မြန်မာစာဘွဲ့ယူပြီးကတည်းက အလုပ်မရှိအကိုင်မရှိ အလုပ်မရှာဘဲ လေလွင့်နေသော ဒိုဒို့အတွက်တော့ ဤမနက်စာစားချိန်သည် ရွှေပြည်အေးတရားနာရသလို အချိန်ကာလတစ်ခုပါပေ။

ဒိုဒို အိမ်အောက်ထပ်ရောက်လာတော့ ထမင်းစားခန်းထဲက မနက်စာစားပွဲဝိုင်းမှာ ဖေဖေထိုင်နေ၏။ဖေဖေ့မိန်းမကတော့ ဖေဖေ့ဘေးမှာ နေရာယူလျက်သား။စားပွဲဝိုင်းပေါ်မှာ ပန်းကန်နှင့်အဆင်သင့်လှီးဖြတ်ကာ ထည့်ထားသည့် ကိတ်မုန့်၊ပေါင်မုန့်၊ကွတ်ကီးတို့က အပြည့်ပင်။ကော်ဖီသောက်ရန်လည်း အဆင်သင့်ပြင်ပေးထားသေးသည်။

"လာ..မောင်လေး လာစားတော့"

တကယ်တမ်းတော့ အဖေက ခပ်ချောချောမိန်းမငယ်လေးကိုယူထားတာ။ထိုမိန်းမက ဒိုဒို့ထက် သုံးနှစ်သာကြီး၏။နာမည်က ပန်းရနံ့ဝေတဲ့။

မျက်နှာမှောင်ကုတ်ကုတ်နှင့် စားပွဲမှာ မထိုင်ချင်ထိုင်ချင်နှင့်ဝင်ထိုင်လာသော သားဖြစ်သူကို ဦးသိန်းလှိုင် သေချာစိုက်ကြည့်နေမိသည်။ဒီကောင်လေး တကယ်ကိုအချိုးမပြေ။ဘွဲ့ရပြီးကတည်းက အိမ်မှာ အမှိုက်ဖြစ်နေတာ။ဘာအလုပ်မှလည်းမရှာ၊ဘာမှလည်းမလုပ်။အဖေဖြစ်သူရဲ့အလုပ်တွေကိုလည်း ဝင်ကူပေးမယ်မရှိပေ။

"မင်း နေ့တိုင်း ဒီလိုပဲထိုင်နေတော့မှာလား"

ဒိုဒိုတစ်ယောက် ကော်ဖီလေးငှဲ့နေရုံရှိသေး..ဖေဖေက တရားတော်စဖွင့်တော့သည်။

"ဒီလိုမထိုင်လို့ မနက်စာကို မတ်တပ်ထစားရမှာလား"

"အဲ့ဒါပြောတာမဟုတ်ဘူးကွ။မင်း အလုပ်မလုပ်ဘဲ ထိုင်နေတော့မှာလားမေးတာ။၁၀၉ ၁၁၀ကောင်"

အဖေက ဒိုဒို့ကိုဆိုလျှင် စကားလုံးခပ်ကြမ်းကြမ်းတွေသုံးလေ့ရှိသည်။သူ့မိန်းမနဲ့ဆိုလျှင်တော့ လေသံလေးတောင် တစ်ချက်မမာဖူး။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now