+++++++Unicode+++++
"ဒေါ်လေး မို ကျွန်တော့်အဖေကို ဂရုစိုက်လိုက်ပါအုံး "
ကားတံခါးကိုဖွင့်၍ ကားပေါ်သို့မတက်ခင် ဆောင်းဟွန်း၏ပုံမှန်ထက်ကျယ်လောင်သော စကားပြောသံကို ပန်းဉယျာဉ်သေးထဲရှိ ဒေါ်လေးမိုဆောက ပန်းခူးနေရင်း အကြောင်းပြန်သည့်သဘောဖြင့် လက်တဖက်ခပ်မြင့်မြင့်ေမြှာက်ပြ၏။
တဖက်မှ ပန်းခြင်းတောင်းကိုကိုင်ရင်း ဒေါ်လေးမိုက ဆောင်းဟွန်းကို လှမ်းအော်ကာ မေးလိုက်သေး၏။
"ဟွန်းလေး ဘယ်အချိန်ပြန်လာမှာလဲ"
"လိုအပ်တာဝယ်ပြီး ချက်ချင်းပြန်လာမှာ ညနေမိုးမချုပ်ခင်တော့ ရောက်လောက်မယ်ထင်တယ် ကျွန်တော်သွားပြီနော် ဒေါ်လေးမို"
ပြောပြီးသည်နှင့် ကားတံခါးကိုဆွဲပိတ်ကာ ဖြေးညင်းစွာမောင်းထွက်သွားတော့သည်။
ဆိုးလ်မြို့နှင့်အနည်းငယ် ကွာဝေးသော ယော်အင်းမြို့စွန်တွင် ဆောင်းဟွန်းသည် အဖေနှင့်အတူ Sweet Home အမည်ရှိဧည့်ဂေဟာ လေးတစ်ခုဖွင့်၍ နေထိုင်သည်။ကိုးရီးယား၏ ရှေးရိုးရာ အဆောက်အဦးများ တောတောင်သဘာဝအလှများကြောင့် အလည်လာသူမဆဲသောမြို့လေးမို့ ဆောင်းဟွန်းတို့ဖွင့်ထားသည့်ဂေဟာလေး အတော်ပင်အလုပ်ဖြစ်ခဲ့သည်။ မကြာသေးခင်အချိန်က ဆောက်လုပ်ထားသော တိရစ္ဆာန်ရုံနှင့် လှည့်ပတ်ကြည့်ရှု့စရာများ များလာတာကြောင့် ခရီးသွားများပိုမိုများပြားလာလေသည်။ထို့ကြောင့် ဂေဟာအဆောက်အဦးကို ပိုမိုတိုးချဲ့ခဲ့ရသည်။ယခုတော့ ထိုအတွက် ဆောင်းဟွန်းလိုအပ်တာများ တန်းဆီဝယ်ရန် ဆိုးလ်ကိုသွားနေရခြင်းဖြစ်သည်။
ဆိုးလ်နှင့် ယော်အင်းသည် ဘက်စ်ဖြင့်သော်လည်းကောင်း၊ကိုယ်ပိုင်ကားဖြင့်သော်လည်းကောင်းသွားလျှင် သိပ်မဝေးလှ။အတိအကျပြောရလျှင် ၁နာရီနှင့် မိနစ်၂၀ပင်။ပုံမှန်ဆို ကားကိုဧည့်ကြိုအတွက်သာသုံးသော်လည်း ယခုဝယ်ခြမ်းစရာများကြောင့် ဆောင်းဟွန်းအသုံးပြုရတော့သည်။
ဆိုးလ်ကို ရောက်ရှိချိန် ဧည့်ဂေဟာအတွက် လိုအပ်တာများဝယ်ယူအပြီး အဖေ့အတွက် လိုအပ်မည်ထင်သော ဆေးဝါး ၊အစားအစာ ၊အဝတ်အထည်များကို ဝယ်ယူဖြစ်သည်။နောက်ဆုံးပြန်ချိန်တွင် ဗိုက်ဆာလာ၍ အမဲစွပ်ပြုတ်ဆိုင်တစ်ဆိုင်ဝင်ကာ စားဖြစ်သည်။စားသောက်ပြီးစီးသွားပြီး ဆိုင်အပြင်သို့ထွက်ချိန် ဆိုင်အတွင်းသို့ အလောတကြီးဝင်လာသော လူတစ်ယောက်နှင့်ဆောင်းဟွန်းပုခုံးကို အားပါပါတိုက်မိသွားသည်။