ခန်းမကျယ် အသံလုံလုံထဲ ဆောင်းဟွန်း၏ခြေသံတွေသာ ပဲ့တင်ထပ် ကြားနေရသည် ။တိတ်ဆိတ်ပြီး မည်သူမျှမရှိသည့်အခန်းကျယ်ထဲ ကုန်းကုန်းကွကွဖြင့် တစ်စုံတစ်ခုကိုအသည်းအသန်ရှာဖွေနေသည့် ဆောင်းဟွန်းကို အခန်းပြင်ဘက် နေရာတဖက်မှကြည့်နေသည့်သူလဲ ရှိနေခဲ့သည်။"ဘယ်နားမှာ ကျခဲ့တာပါလိမ့်"
ခဏအကြာ ဆောင်းဟွန်းရဲ့ဖုန်းက အသံမြည်လာပြီး နောက်ဆံတင်းတင်းဖြင့်အရေးတကြီးထွက်သွားဟန်ပြင်သည်။
အခန်းဝတွင်ရှိနေသည့် ဂျုံဆောင်းနှင့်တွေ့တော့ ဆောင်းဟွန်းခြေလှမ်းတို့နှေးတုံ့သွားသည်။
"ကျေးဇူးပြု၍ ငါ့အနားမှာမမြင်တွေ့လို့မရဘူးလား"
အစိမ်းသက်သက် ဂျေး၏စကားသံဟာ ဆောင်းဟွန်းရင်ဝကို စုံကန်ပစ်သကဲ့သို့ နှလုံးတို့ကွဲကြေမတတ်နာကျင်ရလေ၏။
"ဘာကြောင့် အကြောင်းပြချက်မရှိ ငါ့ကိုမုန်းနေရတာလဲ "
"အဖြေကိုမသိပေမယ့် မင်းကိုမြင်နေရရင် ငါလုံးဝအဆင်မပြေဘူး ငါ့အာရုံတစ်ခုလုံးမင်းဆီရောက်နေတဲ့အချိန် ငါဘာမှအာရုံမစိုက်နိုင်ဘူး မင်းငါ့အနားရှိနေရင်ကို ဘာတွေဖြစ်လို့ဖြစ်မှန်းမသိအောင်အဆင်မပြေဘူး "
ရင်ကိုတည့်တည့်ချိန်ကာ ပစ်ရွယ်လာသည့် စကားကျည်ဆံတွေကို ဆောင်းဟွန်းမှာရှောင်တိမ်းခွင့်မရှိ ။
"ခဗျားအနားကို ကျုပ်မရောက်လာစေဘူး စိတ်ချ ဒါဆိုရပီမလား "
ထိုစကားကို ပြော၍ ထွက်သွားသည့်ဆောင်းဟွန်းက နောက်သို့တစ်ချက်တောင်လှည့်မကြည့်ခဲ့။ရည်ရွယ်ချက်ကိုလက်လျှော့လိုက်တာမျိုး မဟုတ်ပေမယ့် ဂျေး၏စကားတွေကို မခံချင်ကာပြောဖြစ်ခဲ့တာဆို ပိုမှန်မည်။
မကြာမှီအချိန်အတွင်း ဂျုံဆောင်းခန်းမအတွင်းကိုဝင်လာပြီး ဆောင်းဟွန်းဘာပျောက်သည်မသိပါပဲ သူလည်း ရှာဖွေပေးနေမိသည်။
"အစ်ကို "
စားပွဲတွေ ခုံတွေအောက် လှန်လက်ရှာနေသည့် ဂျုံဆောင်းတစ်ယောက် ဂျီဟဲ၏ခေါ်သံကြားတော့ မလုံမလဲစွာ နောက်သို့လှည့်လာသည်။