-2-(S2)

294 37 5
                                    


         ++++++Unicode++++++++

ယော်အင်းမြို့ငယ်လေး၏လမ်းကျဉ်းများအတွင်း ပြောင်လက်တောက်ပနေသော BMW အနက်ရောင်ကားနှစ်စီးကတိုးဝင်လာခဲ့သည်။များမကြာမှီရောက်ရှိတော့မည့် ခြံဝင်းကျယ်ကြီးထဲ ယော်အင်းမြိုတော်ဝန်သည်လည်း ကြိုဆိုနေလျက်။

ရှင်းလင်းကျယ်ပြန့်သော ခြံကျယ်ကြီးထဲသို့ကားနှစ်စီးဆိုက်ရောက်လာပြီး ပထမကားတစ်စီးထဲမှ ထွက်လာသူက JJ Group ၏ရွှေဇွန်းကိုက်မင်းသားလေး ပတ်ဂျုံဆောင်းပင်ဖြစ်သည်။
ရုပ်ရည်ခန့်ညားချောမောရုံသာမက ကျန်းမာပြီးကျစ်လစ်သော ခန္ဓာကိုယ်ကိုလည်းပိုင်ဆိုင်ထားသေး၏။ထို့အပြင် ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ပြီး အရာရာကိုစွမ်းဆောင်လုပ်ကိုင်နိုင်စွမ်းလည်းရှိ၏။

အနက်ရောင် Suit အပြည့်ဝတ်ဆင်ထားသောဂျုံဆောင်း ကားထဲမှဆင်းလာသည်နှင့် မြို့တော်ဝန်ကိုယ်တိုင်ဆီးကြိုလာသည်။

"ပတ်ဂျုံဆောင်း မဟုတ်လား အန်ကယ်က လီအီယောင်းပါ ‌တွေ့ရတာ ဝမ်းသာပါတယ်"

"ကျွန်တော်လည်းတွေ့ရတာ ဝမ်းသာပါတယ် လာရင်းကိစ္စကိုတော့ ဉက္ကဌကြီးဆီက အကုန်ကြားနှင့်ပြီးသားလို့ထင်ပါတယ် "

"ဒါပေါ့ အရင်ဆုံး ထိုင်ကြပါအုံး"

အလုပ်ကိစ္စဆက်စပ်၍ စကားပြောကြရာဝယ် ရင်းနှီးမှုအနေဖြင့် ရောက်တတ်ရာရာလေးတွေလည်းပြောရင်းပေါ့။ဂျုံဆောင်းဆိုသည့် လူငယ်လေးက လူကြီးသူမတွေနဲ့လည်း အဆင်ပြေပြေပြောတတ်ပါသေးသည်။

"လက်ခံထားတဲ့ မြေဧက အနည်းငယ်ကို ကျွန်တော်ကြည့်လို့ရမလား "

"ရတာပေါ့ ရတာပေါ့ လိုက်ပြပေးမယ်
သိပ်အဝေးကြီးလည်းမဟုတ်ဘူး ဒီနားပတ်လည်ပဲ"

မြို့တော်ဝန်အီယောင်းခေါ်ဆောင်ရာသို့ ဂျုံဆောင်းနှင့်အတူပါလာသော လူအနည်းငယ်နှင့်တကွ လိုက်လံကြည့်ရှုကြသည်။

အားလုံးကိုလိုက်လံကြည့်ရှုပြီး အပြန်လမ်းမှာ ယော်အင်းဈေးကိုဖြတ်၍ပြန်ဖြစ်သည်။

"ဈေးနဲ့လည်းနီးတော့ ဦးလေးစဉ်းစားနေတာက ဒီ‌ဈေးဘက်ကိုပါ တိုးချဲ့ပြီးဆိုင်ခန်းနေရာတွေကိုပြုပြင်မွမ်းမံမယ်။စနစ်တကျလေး သွားလာဝယ်ယူလို့ရအောင် လုပ်ချင်တယ် ။"

Cherish Where stories live. Discover now