+++++++++Unicode++++++++
မိုးလေလွတ်ကင်းရာ ညတစ်ည၌လသာဆောင်ကျယ်ကျယ်တွင် အဖေနှင့်အတူ ဆောင်းဟွန်းကြယ်တွေကို ရေတွက်ရင်း ရောက်တတ်ရာရာတို့ကိုပြောနေမိသည်။
ပိန်လှီကျသွားသော အဖေ့ခန္ဓာပါးပါးထပ်စောင်ပါးလွှာတစ်ထည်လွှမ်းခြုံပေးထားရင်း အဖေ့လက်တွေကိုနှိပ်နယ်ပေးတော့ အဖေကဆုချသည့်အနေဖြင့် ပုံပြင်ပြောပြသည်။
ထို့နောက်မှာ ဂျုံဆောင်း သူတို့နှစ်ယောက်နား ဂစ်တာကြီးဆွဲလာ၍ အဖေနှင့်ဆောင်ဟွန်းအတွက် သီချင်းတစ်ပုဒ်ကိုတီးခတ်ပြတော့ အဖေကလက်ခုပ်လက်ဝါးတီးကာ ပျော်နေလေရဲ့။ဂျုံဆောင်းကိုလည်းချီးကြူးစကားတွေပြောသည်။ညည့်နက်သည်အထိ အဖေကမအိပ်သေးတော့ ဆောင်းဟွန်းနဲ့ဂျုံဆောင်းမှာစိုးရိမ်နေရတော့သည်။
"အဖေ မအိပ်သေးဘူးလား "
"အင်း အခုနေအိပ်လိုက်ရင်နှမျောဖို့ကောင်းလွန်းတယ် ကြည့်ပါအုံး ကောင်းကင်မှာ ကြယ်လေးတွေက စိပ်စိပ်လေးတွေ သူတို့ကိုကြည့်ရတာ သိပ်ကိုလှပတာပဲ ။အဖေလည်း ကြယ်လေးတစ်လုံးလောက်ဖြစ်ကြည့်ချင်တယ်။ကြယ်လေးတွေကိုမြင်တဲ့သူတိုင်းက စိတ်ညစ်သွားတာမျိုးမရှိကြဘူး ။လူတွေက သူတို့ကိုသိပ်ချစ်ကြတာပဲ။ကောင်းတဲ့ခံစားချက်ကိုလည်းပေးသေးတယ်။တကယ်လို့အဖေသေသွားခဲ့ရင် ကောင်းကင်မှာကြယ်လေးအဖြစ်နဲ့ ငါ့သားနှစ်ယောက်ကို စောင့်ကြည့်ေနပေးမယ်။ပြီးရင် လူတွေရဲ့ခံစားချက်တွေကိုလည်း နားထောင်ပေးမယ်။"
တိတ်တိတ်လေးခိုးကျသွားသည့် ဆောင်းဟွန်းမျက်ရည်စက်တို့ကို ဂျုံဆောင်းမြင်ဖြစ်အောင်မြင်လိုက်သေးသည်။ဂျုံဆောင်းလက်တစ်ဖက်က ဆောင်းဟွန်းပုခုံးထပ် ဖိကိုင်ထားရင်း ကိုယ်တိုင်လည်း ခံနိုင်ရည်မရှိစွာငိုချင်လာမိသည်။
ထို့နောက်မှာတော့ အဖေဟာတိတ်တိတ်ဆိတ်ဆိတ်လေးဖြင့် မျက်လုံးနှစ်ဖက်ကိုဖြေးညင်းစွာမှေးမှိတ်ချကာ။
"အဖေဒီမှာပဲ အိပ်တော့မယ်"
လေနဲ့ရောယှက်သွားသည့် အသံသဲ့သဲ့နောက်မှာ အဖေ့ထွက်သက်တို့ ရောပါသွားပြီး ပတ်ဝန်းကျင်ဟာတိတ်ဆိတ်လျက်။