-7-

346 55 4
                                    

 
+++++++++Unicode+++++++

ညကသည်းထည်စွာရွာသွန်းသည့်မိုးကြောင့် အေးစက်စက်မနက်ခင်းဟာ ကြင်လင်မှုရှိလှသည်။သစ်ရွက်ငယ်တို့ထံတွဲလဲခိုနေသော မိုးစက်ကြည်တို့ဟာ မြေပြင်သို့ ဖြေးညင်းစွာကျဆင်းလျက်ရှိသည်။ခေါင်းရင်းပြတင်းတံခါးမှ ကျီကျီကျာကျာငှက်ငယ်တို့သည့် ဂျုံဆောင်းအားလာနိုးနေကြပြီ။ပုံမှန်အတိုင်းဆို စောစီးစွာအိပ်ရာထတတ်သည့်အကျင့်ဟာ ယနေ့မှာတစ်ကိုယ်လုံးရိုက်နှက်ခံထားရသကဲ့သို့ နာကျင်မှုကိုထမ်းပိုးထားရ၏။ပူရှိန်းရှိန်းခန္ဓာကိုယ်ကြောင့် အဖျားဝင်နေပြီဆိုတာလည်းသိလိုက်ရသည်။

သုံးဆင့်သစ်သားစင်၏အပေါ်ဆုံးမှနာရီလက်တံသည် မနက်ခုနှစ်နာရီ မိနစ်လေးဆယ်ကိုညွှန်းနေပြီးပြီ။ဂျုံဆောင်းလုပ်ရန်တာဝန်တွေရှိသေးသည်မို့ ကိုယ်တစ်ပိုင်းမှခြုံစောင်ကို ဖယ်ခွာကာ ကုတင်ပေါ်မှထပြီး ရေချိုးခန်းအတွင်းမျက်နှာသစ်သွားတိုက်ပြုရသည်။သဘက်တစ်ထည်ကိုပုခုံးပေါ်တင်လျက် မီးဖိုးခန်းဆီမှဆူဆူညံအသံရှိရာသို့ထွက်လာခဲ့သည်။

"နိုးပြီလား ဂျေး"

အစိမ်းရင့်ရင့်အေပရွန်ကိုခါးတွင်စည်းချည်ထားကာ မွှေဇွန်းကြီးကိုကိုင်လျက် အလုပ်ရှုပ်နေဟန်တူသည့်ဆောင်းဟွန်းက ဂျုံဆောင်းကို နှုတ်ဆက်စကားသံပေးသည်။ပုံမှန်ဆိုထိုအလုပ်တွေက အဖေလုပ်နေကြမို့ အဖေ့ကျန်းမာရေးကိုထိပ်ကနဲစိုးရိမ်စိတ်ပူမိသည်။

"အဖေရော"

"ပန်းသွားခူးတယ်လေ"

ဂျုံဆောင်းကိုကျောပေးထားလျက် ဟင်းအိုးထဲအာရုံထားရင်း ဆောင်းဟွန်းကအဖြေစကားဆိုသည်။

"တောင်းပန်ပါတယ် ငါအိပ်ရာထနောက်ကျသွားလို့မင်းတို့အလုပ်များကြပြီထင်တယ်"

"မဟုတ်လည်း ဒီနေ့အဖေနဲ့မင်းကိုဟင်းချက်ကျွေးမလို့ပါပဲ"

"အော်"

စားပွဲမှာ ဂျုံဆောင်းဝင်ထိုင်၍ ဆောင်းဟွန်းလုပ်သမျှတစ်ခုချင်းဆီလိုက်ကြည့်နေမိသည်။ဒါကသူ့အကျင့်လို့ပြောရမလား။ဆောင်းဟွန်းနဲ့ပတ်သက်ရင်အသေးအမွှားကအစ သူ့အာရုံထဲမှတ်မိနေစေချင်သည်။သူကအတိတ်မေ့ထားသည့်သူမှတ်လား တချိန်ကအတိတ်နေ့တွေကြောင်း အနာဂတ်မှာသတိယလာခဲ့လျှင် ထိုမှတ်ဉာဏ်တွေနဲ့အတူ လက်ရှိအချိန်တွေကိုမရောထွေးစေလို။

Cherish Where stories live. Discover now