-4-(S2)

268 32 10
                                    


အေးစက်စက်ဆောင်းညဆိုသော်ညား မထင်မှတ်စွာ ရွာဆင်းလာတဲ့မိုးသံတ‌ ဖေါက်ဖေါက်ကို ခေါင်မိုးရေတံစက်မိတ်ဆီမှကြားနေရသည်။

ဘွိုင်လာက အအေးဒဏ်ကိုမလွှမ်းခြုံ‌နိုင်တာမို့ အိပ်ယာထက်ဝယ် စောင်ထူထူကိုခြုံလျက် ပုဇွန်ကွေး‌ကွေးနေမိသည်။ကျောနောက်ဖက်မှ လစ်ဟာနေသည့်အေးစိမ့်စိမ့်ခံစားချက်ဟာ ရာသီသုံးဥတုလုံးမှာ ချွင်းချက်ဖြစ်လိမ့်မည်။လိုအပ်တယ် တောင့်တမိသည့် ရင်ခွင်နွေးနွေး။ဖြည့်စွက်ချင်မိတယ် အထီးကျန်နေ့ရှည်တွေကို တမ်းတမိသည့် တစ်စုံတစ်ယောက်ဖြင့်။

ဟင်းး။

အိပ်မရသေးတာမို့ ‌ကစဉ့်ကလျားပြန့်ပြူးနေသည့် အတွေးတွေကို စုစည်းမိတော့ သက်ပြင်းတချက်က လွှတ်ခနဲထွက်လို့ရယ်။အဆင်ပြေသူက နေနိုင်သွားပေမယ့် အဆုံးရှုံးများသည့်သူ့မှာရယ်တော့ ဒဏ်ရာတွေကို မည်သည့်ကျောထောက်နောက်ခံဖြင့် ကုစားနိုင်မည်နည်း။

‌တော်ပြီ ဆောင်းဟွန်း ။လွှတ်ချကြည့်ရ‌ အောင် အခုတော့အိပ်ကြတာပေါ့ ။ဟုတ်တယ် အိပ်ရမယ်။

မျက်လုံးနှစ်ဖက်ကို စုံမှိတ်လိုက်တော့ သူမသိလိုက်ခင်မှာပဲ မျက်ရည်စက်တွေက မျက်နှာထက်မှာပူနွေးနွေးဖြင့် ဖြတ်သန်းသွားပြန်သည်။ဖွဲဖွဲရွာချနေသော မိုးစက်တွေက အခန်းငယ်အတွင်းမှရှိုက်သံသဲ့သဲ့ကို ညှာတာစွာ ဖုံးလွှမ်းထားလေ၏။

.................

တဖက်တွင်လည်း မီးရောင်စုံပြန့်ကျဲနေသည့်ဆိုးလ်မြို့၏ ညမြင်ကွင်းကို မိမိအလုပ်ခန်းရှိရာအပေါ်စီးမှ ငေးကြည့်နေမိသည်။မိုးစက်တို့ခပ်ပြင်းပြင်းထိမှန်ခံရသည့် အဆောက်အဦးမှန်နံရံကို ငေးမောရင်း ရင်ထဲမှာလည်း သူမသိသော ခပ်ဝါးဝါး လွမ်းမောဖွယ်ရာတို့ရှိ‌ နေသည်။ဒီနှစ်တွေထဲမှာ မိုးရာသီကိုမုန်းလာတာတော့ ဂျုံဆောင်းကိုယ်တိုင်သတိထားမိသည်။

လွမ်းတယ်ကွယ်။

ထိုအလွမ်းက ခေါင်းစဉ်တပ်မရဘူး။
လူပုဂ္ဂိုလ်ကိုပုံဖော်မရပြန်ဘူး။
နိဒါန်းမရှိသလို နိဂုံးလည်း မသိဘူး။လစ်ဟာမှုတစ်ခုကတော့ ဇာတ်လမ်းဇာတ်အိမ်မရှိ ရင်အတွင်းထဲမှာ ကိန်းဝပ်နေပါသည်။

Cherish Where stories live. Discover now