+++++++++Unicode+++++++
Sweet Home ဂေဟာမှာ ဒီနေ့မွေးနေ့ပါတီအတွက်ဧည့်ခံပွဲလေးတစ်ခုကျင်းပနေကြသည်။
ဆောင်းဟွန်း၊ဂျုံဆောင်းနှင့် ဒေါ်လေးမိုတို့က လုပ်နေကြအတိုင်းဧည့်သည်လိုအပ်ချက်များဖြည့်ဆည်းပေးနေလေသည်။
မွေးနေ့ရှင်က ဆယ်နှစ်အရွယ်ကလေးလေးဖြစ်တာမို့ ဂျုံဆောင်းခမျာ ကလေးမလေးကို ဓါတ်ပုံလိုက်ရိုက်ပေးနေရင်း အသည်းတယားယားဖြစ်နေရ၏။ဓါတ်ပုံရိုက်မည်ဟု သတိပေးလိုက်တိုင်း ကလေးမလေးဟာ အရွယ်နှင့်မလိုက်အောင်ဟန်ပန်အမူအရာမျိုးစုံထုပ်နေလျက်မို့ ဂျုံဆောင်းမှာအချစ်ပိုရပြီး မျက်နှာမှာလည်းပြုံးလျက်သား။ကလေးငယ်၏မိဘများကလည်း သမီးငယ်ကိုကြည့်၍သဘောတကျရှိနေကြလျက်။ဓါတ်ပုံရိုက်နေရင်းမှ ဂျုံဆောင်း၏မျက်နှာဟာ ဆတ်ခနဲဆွဲလှည့်ခြင်းခံလိုက်ရပြီး ပါးနှစ်ဖက်ကို လက်တစ်စုံကလာ၍ဖစ်ညစ်ထားသည်။
"အု"
"မျက်နှာလေးလည်းတည်ပါအုံး ဂျေးရယ်
ငါ့မှာခန္ဓီပါရမီအားမကောင်းဘူး "ပါးမို့မို့လေးနှစ်ဖက်ကိုဖစ်ညစ်ထားတာမို့ နှုတ်ခမ်းပါးနှစ်လွှာက ဘဲနှုတ်သီးလေးတွေလိုချွန်ထွက်နေသည့် ဂျုံဆောင်းက မျက်လုံးလေးတွေဝိုင်းလို့။
"အူးး"
ဝူးဝူးဝါးဝါးစကားသံတွေကြား ဆောင်းဟွန်းလက်ကိုလွှတ်ပေးလိုက်တော့ ဂျုံဆောင်းသူ့ပါးနှစ်ဖက်ကိုပြန်ကိုင်ကာ ။
"နာလိုက်တာ ဘာလို့အဲ့လိုကြီးလာလုပ်တာလည်း လူတွေ..."
စကားပြောနေရင်း ဘေးဘီသို့မျက်လုံးများဝေ့ကြည့်တော့ ဓါတ်ပုံရိုက်ရန်စတိုင်မလိုင်အပြည့်ဖြင့်ရပ်နေသော မွေးနေ့ရှင်မမက သူတို့နှစ်ဦးကိုခါးထောက်ကြည့်နေသည်။
ထိုကလေးမလေးကိုမြင်တော့ ဂျုံဆောင်းပြောမည့်စကားတို့ရပ်တန့်သွားရသည်။"ဖြူဆုပ်ဆုပ်ဦးလေးကြီး သမီးတို့အလုပ်လုပ်နေတယ် လာမနှောက်ယှက်ပါနဲ့"
"အမ်"
"ဟင်?""ငါ့ကိုလား?"
ဆောင်းဟွန်းသူ့ကိုယ်သူလက်ညိုးလေးထိုး၍ မျက်တောင်များကိုပေကလပ်ပေကလပ်ဖြစ်ကာရန်တွေ့ဖို့ပြင်နေသည့် နှုတ်ခမ်းတွေက ချွန်ထွက်လာသည်။ ကလေးမလေးကရန်ပြန်စွာနေတာမို့ အောင့်သက်သက်ဖြစ်သွားဟန်တူသည်။