ဆောင်းရဲ့နှင်းမှုန်တွေဟာ အမြင်မှာလှပသယောင်ရှိသလောက် ကိုယ်တိုင်အံတုရသည့် အေးစက်မှုက ကြမ်းတမ်းလွန်းလှသည်။အနုတ်လက္ခဏာပြနေသည့် ရာသီဉတုကြမ်းတမ်းပုံက ကြောက်မက်ဖွယ်ပင်။ဆောင်းဟွန်းအလုပ်ကို မနက်စောစီးစွာ ရောက်လာတော့ လုံခြုံရေးဝန်ထမ်းမှအပမည်သူမျှမရှိကြသေး။
"မောနင်း ရာသီဉတုကအေးတာမို့ ဂရုစိုက်ကြပါ"
အလုပ်စတင်ဝင်သည့်နေ့မှစ၍ တရက်မပြတ်ဆောင်းဟွန်းရဲ့ နှုတ်ဆက်စကားကို အားလုံးကဖော်ဖော်ရွေရွေတုံ့ပြန်ကြသည်။တဖြေးဖြေးရွှေ့ပြောင်းသွားသည့်နာရီလက်တံတွေကြား ရုံးတွင်လည်းလူပြည့်ရောက်ရှိလို့လာခဲ့ကြသည်။
"မောနင်း ဒါရိုက်တာပတ် "
Warehouse ဌာနသို့တန်းမတ်စွာရောက်လာသည့် ပတ်ဂျုံဆောင်းကို ဝန်ထမ်းများအားလုံးနှုတ်ဆက်ကြတော့ ဂျုံဆောင်းက အသိအမှပြုတယ်ဆိုရုံပင်။
"ဒါရိုက်တာပတ် ဘာများလိုအပ်ချက်ရှိလို့ပါလဲ"
မန်နေဂျာဖြစ်သူက ပျာယာခပ်စွာ ဂျုံဆောင်းအနားသို့သွားမေးလေသည်။ဂျုံဆောင်းက မန်နေဂျာဆိုသူကို တချက်ကြည့်ကာ အခန်းထဲသို့မျက်လုံးဝေ့ကြည့်ပြန်သည်။
"ဝန်ထမ်းအသစ်တွေကို ဘာတွေညွှန်ကြားထားသလဲ"
"ဒီနေ့တော့ ကုန်ကြမ်းတွေကိုစစ်ဆေးဖို့ရှိပါတယ် ဒါလည်းစီနီယာတွေနဲ့အတူလုပ်ရမှာပါ"
"သူတို့ဘယ်မှာလဲ"
အလုပ်ဝင်တာမကြာသေးသည့် ဝန်ထမ်းအသစ်တွေက မတ်တပ်ထရပ်ကာ နှုတ်ဆက်ကြတော့ ထိုအထဲတွင် ဆောင်းဟွန်းမပါပေ။
ပတ်ဆောင်းဟွန်းက warehouse မှာလို့သူအတိအကျသိထားတာပါ။ဘယ်များသွားနေတာလဲ။
တစ်ယောက်ခြင်းဆီနှုတ်ဆက်ပြီးသောအခါ ဂျုံဆောင်းမည်သူ့ကိုမျှသတိလည်းမထားမိ သူတို့မိတ်ဆက်သည့်နာမည်တွေလည်းမှတ်မိလိုက်ခြင်းမရှိပေ။
"သေချာသင်ပြပေးလိုက်ပါအုံးမန်နေဂျာ"
လှည့်ထွက်ဖို့ပြင်ချိန်မှာ ကော်ဖီခွက် ပလုံစီနဲ့ရောက်လာသော ဆောင်းဟွန်းနှင့်တည့်တည့်တိုးသည်။