ဆောင်းလေပြေက ပုံမှန်လိုလတ်ဆတ်နေသည်မျိုးမဟုတ် နှာခေါင်းအတွင်းသို့ အနံ့ညှင်းသိုးသိုးဖြင့် ဝင်ရောက်လာသည်။"အာ့"
အိပ်ယာထပ်မှ လူးလိမ့်လိုက်ချိန် တောင့်တင်းနေသော ဇာတ်ကြောတွေက တဗျစ်ဗျစ်ဖြင့် တုတ်ခိုင်ခိုင်တုတ်ချောင်းတစ်ချောင်းလိုပင်။
"အမလေး သေပါပြီ"
မျက်လုံးနှစ်လုံးက အလင်းရောင်စူးစူးကိုမခံနိုင်စွာ မှေးစုပ်စုပ်သာလုပ်ထားမိသည်။
နေဦး ငါအခု ဘယ်ရောက်နေတာလဲ။
မီးခိုးရောင်မျက်နှာကျက်က သူ့အိမ်မဟုတ်ကြောင်းသိသာစေသည်။
မတ်ခနဲ ထထိုင်လိုက်သည့်ခန္ဓာကိုယ်က မည်သည့်နာကျင်မှုကိုမျှဂရုမစိုက်နိုင်တော့။
ခန္ဓာကိုယ်ပေါ်မှ ခေါင်းစွပ်ရှပ်လက်ရှည်အနက်တစ်ထည်ကလည်း သူ့အင်္ကျီမဟုတ်ပါပေ။
"နိုးပြီလား ။"
မရင်းနှီးသည့်အသံ ။
"ညက Martရှေ့မှာတွေ့လို့ ကိုယ်ခေါ်လာတာ ကိုယ့်ကိုမှတ်မိတယ်မလား"
"ဟို....."
လက်ညှိုးတစ်ချောင်းကို ခေါင်းထဲထိုးကုတ်ရင်းစဉ်းစားနေသည့် ဆောင်းဟွန်းကို ပတ်ထယ်ဆောင်း သဘောတကျကြည့်ကာပြုံးမိသည်။
"ပတ်ထယ်ဆောင်း ကိုယ်တို့အရင်က ခဏခဏဆုံဖူးကြတယ်လေ"
"အာ သိပြီ ဒါအစ်ကို့အိမ်လား"
ကုတင်ပေါ်သို့ လာထိုင်သည့် ပတ်ထယ်ဆောင်းက Suit အပြည့်အစုံကိုဝတ်ဆင်ထားပြီး အတော်ပင်ခန့်ညားသောအမျိုးသားတစ်ဦးဟု ကောက်ချက်ချမိသည်အထိ။
"အမူးပြေ စားပွဲပေါ်မှာ ပဲပင်ပေါက်စွပ်ပြုတ်လေးသောက်သွား ပြန်ချင်တဲ့အချိန်မှပြန်ပေါ့ ကိုယ်တော့ အလုပ်ရှိနေလို့သွားရအုံးမယ် "
ဆောင်းဟွန်းဘာမျှမပြန်ပြောမိပါပဲ ခေါင်းကိုသာညိတ်ပြမိသည်။
ထယ်ဆောင်းတစ်ယောက် မှာချင်တာတွေမှာအပြီးမှာ ဆောင်းဟွန်းပုခုံးတဖက်ကို ဖွဖွညစ်ကာ အခန်းအပြင်သို့ထွက်သွားလေသည်။