+++++++++Unicode+++++++++++
လှုပ်ရှားပြေးလွှားနေသည့် ဂျုတီကုတ်အဖြူဝတ်ဆရာဝန်များ ဟိုလူ့အနားမှာ တစ်ယောက်ပြီးတစ်ယောက်လာ၍ ဆေးစစ်လိုက်၊ဟိုလူ့ကို ဟိုစမ်းဒီစမ်းလုပ်လိုက်ဖြင့် အလုပ်ရှုပ်နေကြသည်။
နောက်ဆုံးထွက်လာသည့် စစ်ဆေးချက်ရလာဒ်မှာ ဟိုလူက Amnesia ဖြစ်သွားသည်တဲ့။
ဆရာဝန်ပြောကြားသည်များကို ဆေးရုံထဲမှထွက်လာသည်နှင့်ပြန်ကြားယောင်မိသည်။
"ဦးခေါင်းထိခိုက်မှုဖြစ်သွားတော့ Amnesia ဝင်သွားတယ်။ပြီးတော့ သူဖြစ်တဲ့ လက္ခဏာက နောက်ကြောင်းမေ့ခြင်း (Retrograde amnesia)။ မကြာသေးမီက မှတ်ဉာဏ်များ နဲ့ ကလေးဘဝ မှတ်ဉာဏ် တွေကိုဆုံးရှုံးခြင်းကို နောက်ကြောင်းမေ့သော အတိတ်မေ့ရောဂါလို့ခေါ်တယ်။ သူ့နောက်ကြောင်းနဲ့ပတ်သက်လို့ရော သူ့ကိုယ်သူပါ ဘာမှသိတော့မှာမဟုတ်သလို သိဖို့လည်း အများကြီးဖိအားပေးဖို့မသင့်တော်ဘူး။"
ဟူးးးးးဒုက္ခပါပဲ။
သက်ပြင်းအရှည်ကြီးကို မျက်နှာပေါ်သို့တိုက်ခတ်သွားသည့်လေနှင့်အတူ ခပ်ကြမ်းကြမ်းမှုတ်ထုပ်ပစ်လိုက်သည်။
"ဒါဆို ငါပေးလိုက်ရတဲ့ဆေးဖိုးဝါးခတွေ ဘယ်သူ့ဆီကပြန်တောင်းရမှာလဲ ?
ဟိုလူကို ငါကဘယ်ကိုပို့ထားရမှာလဲ?
အားးးမသိတော့ဘူး အဲ့တာကြောင့်အဖေ့အလိုကိုမလိုက်ပဲ သေသေဆိုပြီးပစ်ထားလိုက်ရမှာ?"ဆံပင်တွေကိုရှုပ်ပွအောင် မွှေနှောက်ရင်း ညီးတွားလိုက်ပြီးနောက် နောက်မှ တိတ်တဆိတ်ပါလာသည့် ဟိုလူကို သတိရကာ ဖျတ်ကနဲ လှည့်ကြည့်သည်။
သွားဖွေးဖွေးတို့အကုန်ပေါ်အောင် အားနာနာရယ်ပြနေသော ဟိုလူကိုကြည့်၍ ဆောင်းဟွန်းမချိတင်ကဲ ပြုံးလိုက်မိသည်။
သူဘာလုပ်ရမှာလဲ ?
ဟိုလူကို အိမ်အထိခေါ်သွားရတော့မှာလား?"ဟေ့ မင်းအိမ်လိပ်စာလေး အဖေအမေနာမည်လေးပဲဖြစ်ဖြစ် နည်းနည်းလေးစဉ်းစားကြည့်ပါအုံး။"
"ငါလည်း စဉ်းစားနေပါတယ်။ဘယ်လိုတွေးတွေး စဉ်းစားလို့မရဘူးဖြစ်နေတယ်။"