-2-

383 53 5
                                    

+++++++++++Unicode+++++++++


နွေဦး၏နေရောင်နွေးနွေးအောက်ဝယ် ‌သာယာချိုအီဖွယ် ကြေးငှက်များမြည်တွန်သံနှင့်အတူ လေယူရာယိမ်းနွဲ့နေသည့် poppy ပန်းရောင်စုံများမြူးထူးကခုန်နေကြသလို၊ carnation ပန်းများသည်လည်း ရနံ့သင်းသင်းကိုပေးစွမ်းစေသည်။

စိမ်းစိုစိုအရွက်အခက် အကာကွယ်ရံနှင့် စူးခက်များကြား မာန်ဝင့်စွာ ပွင့်ဖူးနေကြသည့် နှင်းဆီရုံအတွင်းမှ အရောင်အသွေးစုံ နှင်းဆီများက ပျိုးထောင်ထားသော ဉယျာဉ်မှုးရင်ကို ကြည်နူးစေလိမ့်မည်။

ကတ်ကြေးတစ်ဖက်၊ ပန်းခြင်းတစ်ဖက်ဖြင့် ပန်းဉယျာဉ်ငယ်မှထွက်လာသော ဆောင်းဟွန်းရှေ့ ကားတစ်စီးဖြတ်သွားသည်။

ထိုကားထွက်သွားပြီး‌နောက် ‌ဂေဟာဝရံတာမှမှိုင်းတွေတွေရပ်နေသော ဖခင်မျက်နှာကိုတွေ့မြင်ရသည် ။

"အဖေ ဘယ်သူတွေလာသွားတာလဲ?"

"ဘာမှမဟုတ်ပါဘူး ဒီအတိုင်းဂေဟာကိုလာလည်ဖို့စာရင်းပေးတဲ့ဧည့်သည်တွေပါ"

"အဖေနေမကောင်းဘူးလား?"

ပတ်ဂျောင်ဟွန်းမျက်နှာထက်တစ်ခုခုကို ဟန်ဆောင်ဖုံးကွယ်ထားသလိုမျိုး။

"ကောင်းပါတယ် "

"‌မင်ဟီးက ပန်းတွေမှာထားလို့ဆယ်နာရီ‌လောက် ကျွန်တော်သွားပို့ရမှာ အဖေပါတစ်ခါတည်းလိုက်ခဲ့လေ ဆေးခန်းလည်းပြရင်းပေါ့"

ဖခင်ဖြစ်သူက ဆောင်းဟွန်းပုခုံးကိုပုတ်ကာ သူအဆင်ပြေကြောင်းစိတ်မပူစေရန် တဖွဖွပြောရင်း အိမ်အတွင်းဝင်သွားသည်။

ရေမိုးချိုးပြီးနောက် ဆောင်းဟွန်းအဝတ်အစားအတွက် ရွေးချယ်နေရပြီ။

ယခုဆောင်းဟွန်းသွားရမည့်နေရာက ယော်အင်းဆေးရုံ။စိတ်ဝင်စားနေသော ဆရာဝန်လေးမင်ဟီးရှိနေတာကြောင့် ပုံမှန်ထက်သားနားစွာဝတ်စားရမည်ပင်။

နို့နှစ်ရောင် ရှပ်လက်ရှည်ကို အညိုရင့်ရင့်စတိုင်ပန့်ဖြင့် တွဲဝတ်ကာ အသားရောင်ဆွယ်တာလက်ရှည်တစ်ထည်ကိုအ‌တွင်ထပ်၍ဝတ်ဆင်ထားလိုက်သည်။

Cherish Where stories live. Discover now