ရွက်နုစိမ်းတို့ ကြီးပျင်းလာကြပြီး ရွက်ရင့်စိမ်းတို့အဖြစ်ပြောင်းလည်းကျပြီ။ အစိမ်းဖန့်ဖန့်သစ်ပင်ကြီးများအပေါ်တွင် နှင်းနုနုတို့က အုံလိုက်ကျင်းလိုက်နေရာယူလျက် ။အစိမ်းရောင်အစားသစ်ပင်ပန်းပင်တို့သည် ဖွေးဖွေးဖြူလို့နေသည်။ဆောင်းတစ်ဖန်ရောက်ရှိလို့လာခဲ့ပြီ။
ဂေဟာ၏ဝင်ပေါက်လမ်းမှသည် အိမ်အတွင်းထိသွားရာ လမ်းတစ်လျှောက် နှင်းခဲများက နေရာယူထားဆဲ။အနက်ရောင် ဂျာကင်ထူထူကိုဝတ်ကာ ဂေါ်ပြားတစ်လက်ကိုကိုင်ရင်း နှင်းခဲများကို လမ်းဘေးတွင်ယက်ပုံနေသူက ဆောင်းဟွန်းရယ်။
အသက်ရှုထုပ်လိုက်တိုင်း အငွေ့လူလူက နှုတ်ဖျားမှထွက်လျက်။ဖြူဝင်းနေသောအသားမှာ နီစွပ်စွပ် စတော်ဘယ်ရီသီးေရာင်နှာထိပ်လေးက ဆောင်းဟွန်း ဘယ်လောက်အေးနေကြောင်းကိုဖော်ပြလို့နေသည်။
"အိုက်ဂူးးး ဟွန်းလေးရေ နားအုံးလေ ပင်ပန်းနေမှာပေါ့"
"ဟင့်အင်း ပြီးတော့မှာပဲ ဒေါ်လေးမိုရဲ့"
"တစ်မနက်လုံးလုပ်နေတာလေ ဒေါ်လေးမို ဟင်းချက်ထားတယ် အရင်စားရအောင် လာ လာ "
တဖက်အိမ်က ချိုင့်ကြီးချိုင့်ငယ်ကိုဆွဲ၍ ကူးသန်းလာသော ဒေါ်လေးမိုကြောင့် ဆောင်းဟွန်း လက်ထဲကဂေါ်ပြားကို ချကာ ကိုယ်ခန္ဓာပေါ်မှာတင်ကျန်နေသည့် နှင်းစများကို ဖယ်ရှားလိုက်ပြီး ဒေါ်လေးနှင့်အတူအိမ်ထဲဝင်ခဲ့သည်။
...................
"ဝါး အရသာရှိလိုက်တာ "
"စားစား များများစား"
အားရပါးရစားနေသော ဆောင်းဟွန်းကိုကြည့်၍ ဒေါ်လေးမိုစိတ်ထဲမှာ ဘာမှမခံစားရဘူးပြောလျှင် လိမ်တာဖြစ်လိမ့်မည်။
ငယ်စဉ်အခါကပင် မိမိမျက်စိရှေ့မှာကြီးပျင်းခဲ့သည့်ကလေးမို့ မိမိဟာအမေအရင်းတစ်ယောက်ကဲ့သို့ ဆောင်းဟွန်းအကြောင်းကိုသိထားပြီးသားဖြစ်ပါသည်။
ကလေးက ဘယ်လောက်တောင်ပင်ပန်းမလဲကွယ်။
ဂေဟာလေးကိုပိတ်လိုက်ကတည်းက တိတ်ဆိတ်ခြင်းတွေနဲ့ အေးစက်ခြင်းတွေသာရှိတော့သည်မို့ ယခင်ကဲ့သို့ပျော်ရွှင်ရယ်မြူးသံအတိတ်နေ့ရက်တို့ကိုမည်သို့သောပုံစံဖြင့်ရရှိပါမည်နည်း။အဖေ့ကိုချစ်တဲ့သားတစ်ယောက်အနေနဲ့အဖေတစ်ခုသားတစ်ခုကြီးပျင်းခဲ့ရသည့်ကလေးငယ်။လူတစ်ဖက်သားကိုကူညီတတ်ပြီး စာနာစိတ်အပြည့်အဝရှိသည့်ကလေးငယ်က အခုတော့ မျက်နှာထက်ဝယ်အပြုံးဆိုတာပင်ပျောက်ကွယ်လို့နေချေပြီ။