Step 0.1

2K 223 38
                                    


Step 0.1 : One (un)fine day...

အမှတ်၈၀ ဘတ်စ်ကား၏ အိတ်ဇောသံက လွင်တီးခေါင်အရပ်၏ တိတ်ဆိတ်မှုကို အားပြင်းစွာ ဖြိုခွင်းသွား၏။

ကားရပ်လိုက်ကတည်းက လုံးထ‌နေသည့် ဖုန်လုံးက လူတွေ တက်ကြဆင်းကြလုပ်လိုက်သည့်အခါ နှစ်ဆပိုထသည်။ ဦးလေးကြီးတစ်ယောက်က လက်ထဲက ခြင်းတောင်းကို မနိုင်မနင်း ပစ်ချလိုက်သည့်အခါတွင်တော့ သုံးဆပိုထသွား၏။

ကားဂိတ်တွင်ထိုင်နေသည့် ဆယ်ကျော်သက်လူငယ်အချို့လဲ ထိုကားပေါ်တက်သွားကြသည်။ စင်စစ်တော့ ဒါ သီခတို့ ကျောင်းက ကျောင်းသားများပင်။ အချိန်က နေ့လည် ၁၂နာရီမို့ ကျောင်းပြန်ချိန်မဟုတ်တာ အသိသာကြီးဖြစ်၏။ သို့ပေသော်ငြား ကိုယ်ထူကိုယ်ထ ကိုယ်သွားကိုယ်ပြန် တက္ကသိုလ်ဘဝမို့ ဘယ်ချိန်သွား၍ ဘယ်ချိန်ပြန်သည်က ပြဿနာမဟုတ်ပေ။

သူကိုယ်တိုင်တောင် အိမ်ပြန်ဖို့ရာ ကားထိုင်စောင့်နေချိန်တွင်တော့ ကျောင်းခေါ်ချိန်ကိစ္စနှင့်ပတ်သတ်၍ သီခ တကယ်ကို မဆွေးနွေးလိုပါပေ။

ကားပြန်ထွက်သွားသည့်အခါတွင်တော့ အရာအားလုံးက  ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ ဖုန်လုံးကတော့ အတော်နှင့်မစဲသေး။ ၂မိနစ်ခန့်ကြာပါမှ လမ်းတစ်ဖက်က ရထားလမ်းကို သဲကွဲစွာ ပြန်မြင်လာရ၏။

‌ကားဂိတ် မျက်စောင်းထိုးက တာယာဆိုင်က တလှုပ်လှုပ်အသံကို ခပ်သဲ့သဲ့ကြားရသည်။ ခပ်လှမ်းလှမ်းတွင်တော့ ကားအချို့က နာရီဝက်တစ်စီးလောက်နှုန်းနှင့် ဖြတ်သွားနေသည်ကိုမြင်ရသည်။

နာရီဝက်တစ်စီးဆိုသည်က တင်စားခြင်းမျှသာဖြစ်၏။ တကယ်ဟုတ်မဟုတ် သူလဲမသိ။ ရူပဗေဒပညာရှင်ရော သင်္ချာပညာရှင်ပါမဟုတ်တာကြောင့် သူသိစရာလဲမလိုပါပေ။

သီခသည် ကံ့ကော်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်၏။ အထူးပြုက Eco။ "ပြည်ထောင်စု သမ္မတ ဆရာဝန်-အင်ဂျင်နီယာ-စီးပွား‌ရေး တစ်ခုမ‌လုပ်လျင် လူလုံးမလှ-မြန်မာနိုင်ငံတော်ကြီး"တွင်တော့ အတော်လေး ပုံမှန်ဖြစ်သော၊  လူအများ၏ စံနှုန်းများနှင့် ကိုက်ညီသော မေဂျာတစ်ခုဖြစ်ပါ၏။

VNITY : The First StepWhere stories live. Discover now