SPECIAL CHAPTER

548 72 13
                                    

(Unicode)

June လကို Pride Month လို့ သတ်မှတ်ခဲ့တဲ့ Stonewall Riot Anniversary ဟာ ရနေ့ June 28th မှာ 53 နှစ်မြောက်ကို ကျရောက်ခဲ့ပါပြီ

Pride Month ကို ဆင်နွှဲရင်း ဂုဏ်ပြုစရာ main day လေးမှာ VNITY novel ရဲ့ LGBTQ+ character တစ်ယောက်ဖြစ်တဲ့ Manager ကြည်မင်းထွန်းရဲ့ special episode လေး တင်ပေးလိုက်ပါတယ် Vnion လေးတို့~

A/n : ဒီဇာတ်ကောင်နဲ့ ဇာတ်လမ်းဟာ တကယ်မတည်ရှိသော စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး ဘာ်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်ပါကြောင်း တူညီမှုတစ်စုံတစ်ရာရှိခဲ့လျင် တိုက်ဆိုင်မှုသက်သက်သာဖြစ်ပါကြောင်း။

...

"ကြည်မင်း"

"ဟာကွာ .... ဂျင်မီလို့ခေါ်ပါဆို အဲ့ပုံတုံးနာမည်ကြီးကို ဘာလို့..."

ဒီတလော မကြားရတာ ကြာပြီဖြစ်တဲ့ ကျောင်းတုန်းကတည်းက ဓာတ်ပြားဟောင်းကြီး ဖွင့်သလိုကြားနေရကျ စကားက တစ်ခါထပ်ထွက်လာပြန်တယ်။ ဂျင်မီဆိုတာ တက္ကသိုလ်ရောက်မှ နာမည်အရင်းကိုမကြိုက်လို့ဆိုပြီး သူ့ဘာသာပေးခဲ့တဲ့ နာမည်။

ကြည်မင်းကတော့ ဘာလို့ အဲ့လောက်ခါးသီးနေတယ်မသိပေမဲ့ သူကတော့ ဒီနာမည်ကို သိပ်သဘောကျတာပါပဲ။

ကြည်မင်းထွန်း။ သူခေါ်နေကျကတော့ ကြည်မင်း။ ဘာကြောင့်မှန်းမသိ ကြားလိုက်တိုင်း အေးချမ်းပြီး သူနဲ့လိုက်ဖက်သလိုလည်း ခံစားရတယ်။

သူကြည်မင်းကို သိခဲ့တာက မူလတန်းအရွယ်လောက်ထဲကပဲ။ ကျောင်းပြောင်းလာကစဖြစ်တဲ့အပြင် လူကောင်ကလဲ မိန်းကလေးတွေထက်တောင် သေး‌‌သေးညှက်ညှက်‌ဖြစ်ရတဲ့ထဲ ခန္ဓာကိုယ်က အားနည်းပြီး ပေါင်းသင်းဆက်ဆံရေးလည်းဖျင်းလို့ တစ်ကောင်ကြွက်ဖြစ်နေခဲ့တဲ့သူ့ကို စာအုပ်အသစ်ငှားပေးရင်း စပြီးမိတ်ဖွဲ့ခဲ့တဲ့ ကောင်လေးရဲ့ပုံစံက အခုထိတောင် ခေါင်းထဲ ပြတ်ပြတ်သားသား မှတ်မိနေတုန်းပဲ။ ကာယကံရှင်က သိမသိတော့မပြောတတ်ပေမဲ့ သူကတော့ အဲ့ဒီနေ့ကစပြီး ကြည်မင်းကို ကယ်တင်ရှင် သူရဲကောင်းလို မှတ်ယူပစ်လိုက်တော့တာပဲ။

သူစိမ်းတစ်ယောက်က ကြည်မင်းကိုကြည့်လိုက်ရင်တော့ သာမန်ကောင်လေးတစ်ယောက်လို့ပဲ ထင်ရမှာပေမဲ့ တကယ်တမ်းက ထူးခြားတဲ့အရာတွေမှ အများကြီးကိုရှိတာပဲ။ အလုပ်တစ်ခုစိတ်ဝင်စားပြီဆိုရင် ထမင်းမေ့ဟင်းမေ့ အဆုံးသတ်တဲ့အထိလုပ်တတ်တဲ့ အကျင့်ရှိတယ်။ ကမ္ဘာကြီးအမှောင်ကျနေရင်တောင် မှေးမှိန်မသွားလောက်တဲ့ အပြုံးလက်လက်တွေလဲရှိတယ်။ အကူအညီလိုနေတဲ့လူမြင်ရင် သူဒုက္ခရောက်မှာတောင်မမှုပဲ ကူညီပေးတတ်တဲ့ နှလုံးသားတစ်စုံရှိတယ်။

VNITY : The First StepWhere stories live. Discover now