Step 0.7

521 96 49
                                    

(Unicode)

Step 0.7 - Mysterious

"ဝါး အဆောင်က အဆင်ပြေသားပဲနော် တော်တော်လေး ကျယ်သား....ကျဉ်းမယ်ထင်နေတာ "

အာရွန်က ပြောပြောဆိုဆိုနှင့် အထုပ်တွေကို အခန်းထောင့်တစ်နေရာတွင်ချကာ ထမင်းစားပွဲတွင် ထိုင်လိုက်၏။

"ကိုလင်း ရေလေးတစ်ခွက်လောက်ဗျ ..."

လင်းမှာ ရုတ်တရက် ဘာပြောရမည်မသိဖြစ်နေတာကြောင့် သူ့အတွက် ရေဘူးကိုသာ ထုတ်ပေးလိုက်ဖြစ်၏။ ထို့နောက် တစ်ခဏမျှ ကြာပါမှသာ စ၍မေးလိုက်ဖြစ်သည်။

"ဆိုတော့ .... အာရွန်က ဘယ်လို.....?"

"အာ ... ကျွန်တော် အဆောင်နေမလို့ဗျ။ ဒီညက စပြီးပေါ့နော်။ ကုမ္ပဏီကိုတော့ ပြောထားပြီးပါပြီဗျ"

"ဒီည? အယ်... ကိုဂျင်မီက ဘာမှလဲ ကြိုပြောမထား..."

"အဟဲ အဲ့တာက ပြောရရင်တော့ အရှည်ကြီးပဲဗျ"

အာရွန်က ကုတ်ပိုးကို ပွတ်ရင်းရယ်သည်။

"ကျွန်တော် ဒီမနက်က ပြဿနာလေးနည်းနည်း ဖြစ်သွားလို့ဗျ။ အိမ်ထဲတင်ကိုပဲ။ ကံကောင်းလို့ ဘာမှမဖြစ်လိုက်တာ"

လင်းမှာ ရင်ထဲပင် ဒိတ်ကနဲဖြစ်သွားရ၏။

"ကျွန်တော် မနက်က ဒီကနေပြန်ပြီး ပစ္စည်းခဏဝင်ဝယ်တယ်ပေါ့နော်။ အဲ့ကနေ အပြန်ကျ ၁ ၂နာရီလောက်ဖြစ်နေတာပေါ့။ အဲ့မှာ အိမ်ရောက်ကာနီး လမ်းထိပ်လောက်မှာ ရေသန့်သမားက ဖုန်းဆက်တာဗျ။ ကျွန်တော်က တစ်ယောက်ထဲ နေတာဆိုတော့ ခါတိုင်းလဲ သူတို့ရေလာပို့လို့ ကျွန်တော်မရှိရင် ဘယ်လိုလုပ်ပေးရမလဲ မသေချာလို့ အမြဲ ဖုန်းကြိုဆက်တတ်တယ်။ ကျွန်တော်ကလဲ ဪ ရောက်ကာနီးနေပြီဆိုတော့ ထားခဲ့ပါပြောလိုက်တာပေါ့"

အာရွန်က စကားစကို ရပ်လိုက်သည်။ ထို့နောက် ရေကို မသောက်ခင် ခွက်ကို အတန်ကြာအောင် ကြည့်နေပြီးမှ မော့သောက်လိုက်ပြီး စကားကိုဆက်၏။ တီဗီရှေ့မှ ဘယ်အချိန်ကတည်းက ထလာမှန်းမသိသော Mistကလည်း မယောင်မလည်နှင့် အနားရောက်လာကာ ဘေးခုံတွင် တိတ်ဆိတ်စွာ လာ၍ထိုင်‌လေ၏။

VNITY : The First StepWhere stories live. Discover now