Step 1.5

379 57 17
                                    

Step 1.5
Star

ပတ်ဝန်းကျင်တစ်ခုလုံးက ဆူညံနေသည်။ သီချင်းသံတွေရော၊ လူစကားသံတွေရော ရောပြွမ်းနေတာကြောင့် ဘာကဘာတွေမှန်း သူသေချာခွဲမရ။

သူ့မြင်ကွင်းတွင်မြင်နေရသည်က မြေကြီးနှင့် ဖိနပ်နှစ်ရံသာ။

ခေါင်းငုံ့ကာ ရပ်နေတာကြောင့် ပြန်မြင်နေရသော သူ့ဖိနပ်နှင့် မျက်နှာချင်းဆိုင်က အရွယ်တူ ဖိနပ်တစ်ရံ။

"ငါဘယ်တော့မှ သီချင်းမဆိုတော့ဘူး"

"မင်းလို မွေးရာပါ ပါရမီဆိုတာတွေ၊ မိဘကျောထောက်နောက်ခံတွေ၊ support ဆိုတာမျိုးတွေနဲ့ကောင်တွေ ဒီကမ္ဘာမှာရှိနေသရွေ့ ငါလိုကောင်ကတော့ အမြဲ ချောင်ထိုးခံနေရဦးမှာမို့ပဲ"

ရင်းနှီးသောအသံမှာ ကြားနေကျမဟုတ်သော ကြမ်းတမ်းသည့် လေယူလေသိမ်းမျိုးကို ဆောင်နေ၏။ Mistမှာ အသံရှင်၏ အမုအရာကို မော့မကြည့်ချင်တာကြောင့် ခေါင်းကိုအောက်စိုက်ရင်း မြေကြီးကိုသာ တွင်တွင်ကြည့်နေမိခဲ့သည်။

မော့မကြည့်ရဲသည်လား၊ မော့ကြည့်လိုက်လျင် မြင်ရမည့်အမူအရာကို ခံနိုင်ရည်မရှိမှာစိုး၍ပဲလားတော့ ဘုရားသာသိမည်။

မကြာမီပင် ‌အရှေ့က ဖိနပ်က တဖြည်းဖြည်း မြင်ကွင်းမှ ပျောက်သွားသည်ကို မြင်လိုက်ရ၏။

Mistသည် ကပျာကယာပင် ခေါင်းကိုမော့ကာ တဖြည်းဖြည်း ဝေးကွာသွားသော ကျောပြင်ကို လက်လှမ်းရန် ကြိုးစားလိုက်မိသည်။

"တာရာ!"

စိတ်ထဲတွင်သာ ထိုနာမည်ကို ခေါ်‌ နေမိသော်လည်း လက်တွေ့တွင်ကသံထွက်မလာ။

သူကြိုးစားသည်။ သူအခါခါကို ကြိုးစားသည်။

ထပ်ကာထပ်ကာ ကြိုးစားရင်း သိလိုက်ရသည်က သူ့လည်ချောင်းမှ အသံမထွက်လာတော့သည်ကိုပင်ဖြစ်၏။ တစ်စစကျယ်လောင်လာသော ပတ်ဝန်းကျင်က အမှောင်ထုအသွင်ပြောင်းသွားသည်။ ထို့နောက်တွင်တော့ ဘာကိုမှ မမြင်နိုင်တော့သည်အထိ သူ့ကိုဝါးမျိုလို့သွားခဲ့တော့၏။

Mist အိပ်ရာမှ လန့်နိုးလာသည်မှာ ထိုအခိုက်အတန့်တွင်ပင်ဖြစ်၏။

VNITY : The First StepWhere stories live. Discover now