Step 0.6

482 99 60
                                    

(Unicode)

Step 0.6 : Familiar Stranger

သည်ကနေ့တော့ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် သီခ ကုမ္ပဏီသို့ စောစောရောက်သည်။ ယနေ့တော့ နေမပူ၊ မိုးလဲမရွာပဲ ရာသီဥတုက မဆိုစလောက်ကလေး အုံ့တုံ့တုံ့ဖြစ်နေတာကြောင့် အင်္ကျီ‌လက်ရှည်အသစ်ကလေးကို အရဲစွန့်ကာ ထုတ်ဝတ်ခဲ့ဖြစ်သည်။

သို့သော သူမှားပြီထင်၏။

သီခသည် airconအောက်တွင် ငုတ်တုတ်ထိုင်နေရင်းကို ချွေးများရွှဲနေရသည်။ တဖြည်းဖြည်းနှင့် ခံနိုင်ရည်ဂိတ်ဆုံးကို ရောက်နေပြီဟု ခံစားလာရတာကြောင့် အနောက်မှ လင်းကို လှမ်းပြောလိုက်သည်။

"ကို .... ကိုလင်း ကျွန်တော်မရတော့ဘူး .... ဒီ့ထက်မရတော့ဘူး...."

လင်းက ကျောကို ခပ်ဖွဖွပုတ်ရင်း မညှာမတာဆို၏။

"နည်းနည်းပဲ .... ကြာရင် okသွားမှာ"

သို့ပေသိ သီခအတွက်က ခံနိုင်ရည်မရှိတော့။ သို့နှင့် ရုန်းထရန် ပြင်လိုက်စဉ်မှာပင် အေးစက်စက် လက်တစ်ဖက်က သူ့ကျောပေါ် ထပ်၍ရောက်လာသည်ကို ခံစားလိုက်ရသည်။

"ထိုအနေအထားအတိုင်း စက္ကန့်၃၀ကြာအောင် ဆက်၍ဖိထားပေးပါ တဲ့"

နံဘေးတွင် ထိုင်နေသည့် Mistက ဖုန်းကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ကျန်တစ်ဖက်ဖြင့် သူ့ကိုဖိရင်း ဆို၏။

"တော်ပြီလို့ဆိုနေ .... အားးး ကျိုးပြီ  .... ခါးကျိုးပြီ!"

သီခသည် ရှိသမျှအားနှင့် ရုန်းကန်ကာ တွန်းထလိုက်ချိန်တွင်မူ သူ့ကျောရိုးဆစ်များဆီက တဂျွတ်ဂျွတ်နှင့် အသံတွေပါ မြည်လာသည်ကို ခံစားလိုက်ရတော့သည်။

"အကြောလျှော့တာလား လူသတ်နေတာလား မသဲကွဲဘူးဗျာ... သေပြီထင်လိုက်တာ"

စင်စစ်တော့ ဒါ Mist Ytubeမှ ရှာတွေ့လာခဲ့သော dynamic stretching videoထဲမှ ပထမဆုံး moveတစ်ခုသာ ဖြစ်၏။ အက,ကမည်ဆိုလျင် အကြောအချင်များ ပျော့ပျောင်းနေပါမှ သွက်လက်တိကျစွာ လှုပ်ရှားနိုင်မည်မို့ အကြောလျှော့ခြင်းမှာ အရေးကြီးသော အဆင့်တစ်ခုဖြစ်၏။ မကခင်လည်း အကြောလျှော့ရသလို ကပြီးလျင်လည်း အကြောလျှော့ရ၏။ အကြောမလျှော့ပဲ ကလျင်လည်း မရနိုင်သည်တော့မဟုတ်သော်ငြား ကြွက်သားများတောင့်တင်းကာ စိတ်သွားရာကိုယ်မပါနိုင်ခြင်း၊ ကနေရင်း ကြွက်တက်ခြင်းများဖြစ်တတ်သည်မို့ ပြီးမှ နှစ်ဆမခံစားရစေရန် ကြို၍ခံစားလိုက်ခြင်းက ပိုကောင်းသည်ဆိုသော သ‌ဘောတရားပင်ဖြစ်တော့လေ၏။

VNITY : The First StepWhere stories live. Discover now