Step 1.1

375 80 27
                                    

Step 1.1
The fifth

(Unicode)

အစည်းအဝေးခန်းတစ်ခုလုံးက တင်းမာသောလေထုဖြင့် ပြည့်နက်နေ၏။

"ဟုတ် နောက်မဖြစ်စေရပါဘူးဗျ"

ဒါရိုက်တာများ၏ ရှည်လျားလှသော ဩဝါဒတို့အဆုံးတွင်မူ လင်း၊အာရွန်နှင့် သီခတို့သည် ကြောင်ပေါက်ကလေးများလိုပင် မျက်နှာငယ်ကလေးများဖြင့် ရိုကျိုးစွာ တောင်းပန်လိုက်ကြရ၏။ ယမန်နေ့က ရဲစခန်းထိ‌ရောက်သွားရသည့်ကိစ္စများအပြီးတွင်တော့ သည်လို အဆူခံရသည်မှာ မမျှော်လင့်ထားစရာ ကိစ္စမျိုးတော့မဟုတ်ပေ။

အာရွန်က ကိစ္စကို အစအဆုံးရှင်းပြလိုက်တာကြောင့် ပြင်းပြင်းထန်ထန်တော့ အဆူမခံကြရသော်ငြား လင်းကတော့ နောက်နောင်ကို လက်မပါရန်၊ စကားနှင့်သာရှင်းရန် သတိပေးခံလိုက်ရ၏။

သူတို့အစည်းဝေးခန်းက ထွက်လာချိန်တွင်တော့ တစ်ဖက်ခန်းမှနေ၍ အသံသဲ့သဲ့ကို ကြားနေရ၏။ ဟိုနေ့ကတွေ့ခဲ့သော ရှမ်းကောင်လေး‌ပင်ဖြစ်မည်ထင်သည်။ သူသာ auditionအောင်မည်ဆိုလျင်တော့ ထိုကောင်လေးမှာ သူတို့နှင့်အတူ debutရမည့်ငါးယောက်မြောက်အဖွဲ့ဝင် ဖြစ်လာမည်ထင်သည်။ လူပုံကတော့ ခပ်အေးအေး၊ ခပ်တည်တည်ပုံပေါ်သည်။ အသက်က အာရွန်တို့နှင့်အတူတူလောက်ရှိလိမ့်မလား လင်းတွေးနေမိ၏။

သီခကို မျက်နှာကို တစ်ချက်ကြည့်လိုက်စဉ် ယောင်နေသည်များ အတော်‌လေး လျော့ပါးသွားသည်ကို မြင်ရတာကြောင့် စိတ်ထဲတော့ အနည်းငယ်သက်သာသွားရ၏။ နောက်တွင်ရှိနေသည်ကို သတိမထားမိပဲ တံတောင်ကိုလွှဲလိုက်မိတာကြောင့် အတော်နာသွားလိမ့်မည်ထင်သည်။ သီခကတော့ ကိစ္စမရှိဟုသာ ပြောနေသော်ငြား လင်းကတော့ အလွန်တရာပင် အားနာနေမိ၏။

"ပြောသာ ပြောတာ မနေ့ကလေ ကိုလင်းကို ကြည့်ရတာ နည်းနည်းတော့ ရှိန်တယ်ဗျ"

အာရွန့်ထံက ကြားလိုက်ရသည့်စကားတို့က လင်း၏အတွေးစတို့ကို ဖြတ်တောက်လိုက်သည်။

"ဟင်?"

လင်းမျက်နှာမကောင်းဖြစ်သွားသည်ကို သတိထားမိသော အာရွန်က ပြုံးလိုက်ရင်း ပုခုံးကို အသာပုတ်ကာ ဆိုလိုက်၏။

VNITY : The First StepWhere stories live. Discover now