Step 1.0

406 78 19
                                    

Step 1.0
What a day!

နံနက်ခင်းအကြောလျှော့ချိန်မှာ လွန်စွာမှပင် ဆူညံနေလျက်ရှိ၏။ မကြာမီ အကလေ့ကျင့်ချိန် ရောက်လာတော့မည်ဖြစ်တာကြောင့် အားလုံးက သွေးပူအောင် ကြို၍ လေ့ကျင့်နေကြသည်။

"ကိုလင်း နည်းနည်းများနေပြီ မထင်ဘူးလား"

"ဟီးဟီး"

ခါးကြောလျော့သည်ကို အခွင့်ကောင်းယူကာ သီခကို ကျောပေါ်တင်ပြီး စနေသော လင်းက ညစ်ကျယ်ကျယ်ရယ်၏။ အာရွန်နှင့် ပေါင်းတာများပြီး အစအနောက်သန်လာသည်လား မပြောတတ်ပါပေ။ တစ်ဖက်သို့ကြည့်လိုက်သည့်အခါတွင်လည်း Mist ကို ကျောပေါ်တင်ကာ လျှောက်သွားရင်း အရုပ်ကလေးလို ဆော့နေသည့် အာရွန့်ကို တွေ့ရပြန်သည်။

သည်လို လက်ချင်းချိတ်ပြီး ခါးကိုနောက်ပြန်လှန်ကာ အကြောလျှော့သည့်အခါ အရပ်မညီလျင် ပုသည့်တစ်ယောက်က မကြာခဏဆိုသလို ‌အောက်ခြေလွတ်သွားလိုက်၊ တစ်ဖက်လူ၏ ခန္ဓာကြီးကို မနိုင်ဝန်ထမ်းရလိုက်နှင့် ခံရတတ်တာမို့ ခန္ဓာအရွယ်အစား သိပ်မကွာသူချင်းသာ လုပ်သင့်တာဖြစ်၏။

ခါတိုင်း သူနှင့် Mist တွဲလုပ်နေကျကို ယနေ့မှ သည်လိုပြောင်းချလိုက်သည်မှာတော့ ယုတ်မာမှုသက်သက်သာဖြစ်သည်။ အာရွန့်အကြံပင်ဖြစ်ကာ မီးလောင်ရာလေပင့်သူ လင်းပင်ဖြစ်မည်ထင်၏။ မည်သို့ပင်ဆိုစေ ဤနှစ်ယောက်ကိုတော့ တကယ့်ကို မှတ်လောက်သားလောက်ရှိအောင် ဆုံးမဦးမှပါပေ။

"လွှတ်ဗျာ ကျွန်တော် Mistနဲ့ သွားလုပ်မယ်"

"အဲ လုပ်ပါ ဘာလို့လဲ ... မစတော့ဘူးလေ"

Mist ကတော့ အာရွန်နှင့် ဒုက္ခရောက်နေဆဲဖြစ်၏။

"ဟင် ... ယူးကီ ... ယူးကီ ဘယ်ရောက်သွားတာလဲ?"

"ကိုအာရွန် မစနဲ့တော့ဗျာ .... ချပေးလိုက်တော့။ ခါးတွေနာကုန်မယ်"

အာရွန်က ထိုအခါမှ ရယ်ကျဲကျဲနှင့် ကျောပေါ်က ချပေးတော့သည်။ Mist မြေပေါ်ပြန်ကျကျခြင်းပင် သူ့ခြေထောက်ကို တက်နင်းလိုက်၏။

"ဟ!"

"မမြင်လိုက်လို့ ဆောရီး"

"တမင်နင်းတဲ့ လေသံကြီးနဲ့!"

VNITY : The First StepWhere stories live. Discover now