Step 0.4

492 113 21
                                    

Step 0.4
Deep blue eyes

ဂျင်မီသည် သူ့မျက်စိရှေ့မှ အနီရောင်ပြိုင်ကား အသစ်စက်စက်ကို ကြည့်ကာ ကားအရောင်းတာဝန်ခံ၏ ကရားရေလွှတ် တတွတ်တွတ်ရှင်းပြမှုများကို တတွတ်တွတ် နားထောင်ရင်း သူရှေ့ရက်များက ပြောခဲ့ဖြစ်သည့် စကားအချို့ကို ပြန်၍ စဉ်းစားနေဖြစ်သည်။ 

သူ့အဒေါ်ဝမ်းကွဲသည် အ‌ဒေါ်ဟုသာဆိုသော်ငြား နှစ်နှစ်ခန့်သာ ကြီးသူဖြစ်တာ‌ကြောင့် မောင်နှမလိုပင် ရင်းနှီး၏။ လင်းကိုလည်း သူကပင် မိတ်ဆက်ပေးခဲ့တာဖြစ်သည်။

လင်းမှာ မြန်မာ-အမေရိကန် ကပြားဖြစ်သော်ငြားငယ်စဉ်ကတည်းက ဟာဝိုင်ယီတွင်သာ ကြီးပြင်းလာသူဖြစ်ကာ ဤတလောမှ မြန်မာပြည်ပြန်လာသူ ဖြစ်၏။ အသက်က ၂၃။ တယောတီးရာတွင် အလွန်ထူးချွန်ကာ အထက်တန်းနှင့် တက္ကသိုလ်အစပိုင်းအထိ orchestraဝိုင်းတစ်ခု၏ အဖွဲ့ဝင်လည်း ဖြစ်ခဲ့ဖူးသည်ဆိုသည်။ ပြိုင်ပွဲတွေလည်း အတော်ဝင်ခဲ့ဖူးကာ ပြိုင်လျင်လည်း အခေါက်တိုင်းနီးပါး ဆုတွေရရှိခဲ့ဖူးပြီး အတော့်ကိုအလားအလာကောင်းသော အဖွဲ့ဖြစ်ခဲ့သည်။ သီချင်းဆိုထားသည့် အသံဖိုင်များကို နားထောင်ကြည့်ရသလောက်တော့ အသံလည်း အတော်လေးကောင်း၏။

သို့ပေသော်ငြား ထိုနောက်ပိုင်းတွင် သူတို့အဖွဲ့ မှာ အကြောင်းတစ်ခုကြောင့် ပြိုကွဲသွားခဲ့ကာ လင်းလည်း ကျန်းမာရေးအထိ ဆိုးဆိုးဝါးဝါး ထိခိုက်သွားခဲ့သည်ဟု ဆိုသည်။ ထိုနောက်ပိုင်းတွင် လင်းမှာ တယောကို လုံးဝပြန်မကိုင်တော့ပဲရှိနေခဲ့၏။
သူ့တစ်မိသားစုလုံးက လင်းကို ဂီတနှင့်ပတ်သတ်သော အရာတစ်ခုခုကို ပြန်လုပ်စေချင်ကြသော်လည်း လင်းက ခါးခါးသီးသီးငြင်းသည် ဆိုသည်။ ပါးစပ်ကသာ အဆင်ပြေသည်ဟုဆို‌နေသော်လည်း တကယ်အဆင်မပြေသည်ကို တစ်မိသားစုလုံးက ရိပ်စားမိနေခဲ့၏။ ထို့ကြောင့်ပင် စိတ်ကျဉ်းကျပ်ဟန်တူသာ့်လင်းက စိတ်အပြောင်းအလဲဖြစ်လိုဖြစ်ငြားဟုရည်ရွယ်ကာ မြန်မာပြည်တွင် ရောက်နေသည့်မိခင်က ခေါ်ကာလာနေခိုင်းခဲ့ပုံရ‌လေသည်။

တိုက်ဆိုင်စွာပင် ဂျင်မီမှာလည်း idol group projectအသစ်ကို စတင်နေချိန်ဖြစ်တာကြောင့် နံဘေးပတ်လည် ရှိရှိသမျှ အဆက်အသွယ်တိုင်းကို အသုံးချကာ အဆင်ပြေမည့်ကလေးတွေ ရှာဖွေနေစဉ်ဖြစ်နေခဲ့သည်။  သည်လိုနှင့်ပင် အဆက်အသွယ် အဆင့်ဆင့်နှင့် ထိုဟာဝိုင်ယီသားကလေးမှာ ဂျင်မီ့ဆီ ရောက်လို့လာခဲ့လေသည်။ မဖြစ်နိုင်လောက်ဟုဆိုသော်ငြား ထိလျင်တော့လည်း မြိုးမြိုးမျက်မျက်ရနိုင်သော Jackpot ဖြစ်တာကြောင့် ဂျင်မီလည်း စမ်းတော့မြူဆွယ်ကြည့်ဦးမည်ဟု တွေးကာ လက်ခံလိုက်တာဖြစ်သည်။

VNITY : The First StepWhere stories live. Discover now