part - 1 ( oc )

53.1K 928 69
                                    

( piece~ 1 )

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ပြည့်တန်ဆာမရဲ့သား ''ဒီနိုင်ငံ´´"

"ပြည့်တန်ဆာမရဲ့သား..ဒီနိုင်ငံ!!!!"

"ပြည့်တန်ဆာမရဲ့သား ကျောင်းလာတယ်ဟေ့"

သူ ကျောင်း၀န်းထဲ ခြေချလိုက်တာနဲ့ကြားလိုက်ရသော
အော်ဟစ်သံများ...
၀ိုင်း၀န်း လှောင်ရီကြည့်နေကြတဲ့လူတွေကိုကြည့်ရင်း
သူ့ပြန်လှည့်ထွက်သွားရင်ကောင်းမလား
၀င်သွားရင်ကောင်းမလားနဲ့ တွေဝေစွာငိုင်နေမိသည်။
ပြည့်တန်ဆာမသားဆိုသော အခေါ်ဝေါ်က
သူ့အတွက်ကြားရဖန်များလွန်းလို့ ''ဒီနိုင်ငံ´´ ဆိုတဲ့
ကိုယ့်နာမည်ကိုယ်တောင်မေ့လုနေပါပြီ....

"ပြည့်တန်တာမသားကကျောင်းလာတယ်ဟေ့
ငါတို့ကျောင်းတော့ပြန်ပြီး ကျက်သရေတုံးတော့မှာပဲ"

ကျက်သရေ တုံးတယ်တဲ့လား...
ရင်ထဲမှာဖျင်းခနဲ နာကျင်သွားရကာ
ရှုပ်ပွနေသောဆံပင်အောက်ကနေ
အားလုံးဆီခပ်စူးစူးမျက်လုံးတွေနဲ့မုန်းတီးစွာကြည့်လိုက်တော့
မျက်နှာလွှဲသွားကြတယ် ....

တော်ပါပြီ သူ့နဲ့ကျောင်းဆိုသောအရာနဲ့ကမအပ်စပ်ပါ
ဒီလို စိတ်ဓာတ်အောက်တန်းကျတဲ့ကျောင်းလဲမတက်ချင်တော့
ကြိုဆိုမဲ့သူမရှိ သူငယ်ချင်းမရှိတဲ့ဘ၀ ကျောင်းတက်တော့ရော
ဘာထူးမှာလဲ...

"ဟဲ့..ဟဲ့ အဲ့ဒါ ဟိုအပျက်မရဲ့သားမဟုတ်လား"

"အင်း..ဟုတ်တယ်လေ ကြည့်စမ်းပါအုံးဟယ်
ဖိနပ်လဲမပါ စုတ်ပျက်သတ်နေတာပဲ"

"သား..အဲ့လိုလူမျိုးနဲ့သွားမဆော့ရဘူးနော်ကြားလား
ကိုယ်နဲ့အတင့်တန်းချင်တူတာမဟုတ်ဘူး"

နားထဲဘေးကဖြတ်သွားတဲ့မိသားစုဆီက
ကြားလိုက်ရသောစကားများ...
အဆင့်တန်းတဲ့လား ဘယ်လိုပေတံနဲ့တိုင်းထွာပြီး
အဆင့်သတ်မှတ်ကြတာလဲ...

ရွေရောင်တပျောင်ပျောင်နဲ့လူစိတ်ကင်းမဲ့နေသောလူတွေကြားမှာ
သူခေါင်းမဖော်ရဲအောင်လုပ်ထားတဲ့ အိမ်ကမိန်းမကြီးကိုသူ
မုန်းတယ်...သူများတွေအတွက်အမေဆိုတာမရှိမဖြစ်ဆိုပေမဲ့
သူ့အတွက်တော့မရှိလေကောင်းလေပဲ...

ဒီနိုင်ငံ Completed (OC)Where stories live. Discover now