part - 3

11.9K 481 39
                                    

( piece.3 )

>>>>>>>>>>>>>>>>>>>>>>>>>>>

"ဟင်း....ရှင်နဲ့ကျွန်မတို့နှစ်ယောက်နဲ့က
တော်တော်ဆိုးတဲ့ရေစက်ပါတယ်ထင်တယ်
စိတ်ပျက်ဖို့ကောင်းလိုက်တာ
ကိုယ်ကျင့်တရားမကောင်းတဲ့သားရထားတဲ့
ရှင့်ကိုတော့နည်းနည်းသနားမိသား"

တန်ခူးမိခင်ရဲ့မျက်နှာက ရွံရှာမှု
စိတ်ပျက်မှုတွေနဲ့မဲ့ရွဲ့နေသည်။
အကျိုးကြောင်းမေးမြန်နေသော ခါးမိခင်ကတော့
စကားဝိုင်းထဲမ၀င်ပဲ အတန်းပိုင်ဆရာမနဲ့
စကားပြောနေလေသည်။

"ဒီမှာ ရှင်စကားပြောတာသားသမီးချင်းကိုယ်ချင်းစာပါ
ဘာလို့ကျွန်မသားကကိုယ်ကျင့်တရားမကောင်းရမှာလဲ
ကျွန်မသားခိုးတယ့်ဆိုတာ ကျွန်မမယုံဘူး
ရှင့်သမီးက ကျွန်မသားကို
ဟိုတခါကိစ္စနဲ့ကျေနပ်ချင်မှာကျေနပ်မှာပေါ့!!!"

"အို...ငါ့သမီးကပဲလိမ်ရမယ်ရှိသေး
နင်သားခိုးလို့ခိုးတယ်ပြောတာပေါ့ "

"ကျွန်မသားမခိုးဘူးကျွန်မယုံတယ်"

"နင်အပြောင်းလဲ မြန်လှချည်လား
နင့်သားကျောင်းထုက်ခံရမှာဆိုးလို့
ငါ့ခြေထောက်ကိုလာဖက်ပြီးတောင်းပန်တုန်းကဒီမျက်နှာလား!!!"

ကျောင်းအုပ်ရုံးခန်းရှေ့၌
စကားများနေကြတာကိုသူတို့သုံးယောက်ငဲ့မကြည့်ပေမဲ့
အသံတွေကအတိုင်းသား...

ခါး သူ့ကိုခိုးကြည့်လိုက်တော့
မျက်လုံးတွေကကျောင်းစင်္ကြလမ်းကိုစူးစိုက်ကြည့်နေသည်။
ဘေးကတန်ခူးကိုခါးလက်ဆွဲထစေလိုက်ကာ...

"တန်ခူး ငါနဲ့လိုက်ခဲ့"

မငြင်းဆန်ပဲတန်ခူး ခါးနောက်လိုက်ပါလာခဲ့သည်။
လူမရှိတဲ့ ထောင့်စွန်ရောက်တော့မှ
ခါး တန်ခူးလက်ကိုလွှတ်လိုက်သည်။

"နင်..နင်လုပ်လိုက်တာလား တန်ခူး"

"ဘာကိုလဲ"

မသိသလိုပြန်မေးနေတဲ့ တန်ခူးကိုခါးကြည့်ကာ
အနားသို့ထပ်တိုးကပ်လိုက်၍

"နင် သူ့လွယ်အိတ်နားကပ်တာငါတွေ့တယ်
နင်တကယ်ပဲလုပ်လိုက်တာလားဟင် တန်ခူး
ပြောပါငါ့ကို"

ဒီနိုင်ငံ Completed (OC)Where stories live. Discover now