part - 8

12.2K 411 10
                                    

( piece~ 8 )

>>>>>>>>>>>>>>>>>>>>>>>>>>>>

တရွေ့ရွေ့ရှေ့တိုးလာသောသူ့ကြောင့်
ခါး နောက်ကိုဆုပ်ရင်း...

"ဘာ ဘာအပြစ်လဲ ရှင်ညစ်ပတ်တာကို
ကျွန်မကဘာကိစ္စအပြစ်ခံရမှာလဲ"

"ဒါတော့ကိုယ်မသိဘူး
ကိုယ်သိတာ မင်းရှုံးတာပဲ"

မျက်ခုံးတဖက်ပင့်ပြီး တော့ပ် ပြောနေရင်းက
မြန်ဆန်စွာ ခါးကိုယ်လေးကိုပွေ့ချီလိုက်သည်။

"အမေ့...ဟင်...ရှင် ဘာလုပ်တာလဲ ချပေး"

ရုတ်တရက်မို့ ရှောင်တိမ်းချိန်မရှိသောခါး
မျက်လုံးပြူးလေးနဲ့ သူ့လက်ထဲကပြန်ဆင်းရန်
ကြိုးစားပေမဲ့ အချည်းနှီးသာ...

ပွေ့ချီထားတဲ့သူ့လက်တွေက သန်မာလွန်းလှကာ
ခါး ကမျက်လုံးဝိုင်းလေးနဲ့...

"တော့ပ် ရှင်ကိုချပေးလို့ပြောနေတယ်လေ!!!"

ရင်ဘက်ကိုလက်သီးစုတ်နဲ့ထုပြီးခါးအော်ဟစ်နေ၍
တော့ပ် ငုံ့ကြည့်လိုက်ကာ...

"တကယ်ချပြစ်လိုက်ရမလား..."

"အမလေး!!"

လက်ထဲကနေလွှတ်ချမဲ့ပုံသူလုပ်လိုက်တော့
ကြောက်အားလန့်အားနဲ့ သူ့လည်ပင်းကိုသူမလက်လေးတွေက
လှမ်းချိတ်လာ၏....
ရီချင်သွားတဲ့မျက်နှာကိုထိန်းကာ
အရုပ်မလေးကို ချီရက်ကနေ တော့ပ် ဖြည်းဖြည်းချင်း
ရေချိုးကန်ထဲ ဆင်းသက်ခဲ့လိုက်သည်။

"ဟင်...ဘာ ဘာလုပ်ဖို့လဲ
ကျွန်မ ရေမချိုးဘူး"

"ချိုးရမယ် ချိုးကိုချိုးရမယ်
ကိုယ်နဲ့တူတူ"

"ဘာ!!!"

ခါး မျက်နှာနားကပ်၍ ကိုယ်နဲ့တူတူဟူဆိုလိုက်သော
သူ့စကားကြောင့် ခါးရင်ထဲတုန်လှုပ်သွားရသည်။
တဖြည်းဖြည်းရေကန်အလည်ထိဆင်းသက်နေတဲ့
သူ့ကို မျက်လုံးဝိုင်းများနဲ့ကြည့်နေရင်းက...

"ဘာ ဘာလို့ရှင်နဲ့တူတူချိုးရမှာလဲ"

ခါးအမေးကို စူးရှတဲ့ညို့မျက်၀န်းတွေနဲ့
တော့ပ် ပြန်ကြည့်ရင်း နှုပ်ခမ်းများကိုကွေးညွှတ်လိုက်ကာ

ဒီနိုင်ငံ Completed (OC)Where stories live. Discover now