ep - 12

10.8K 336 4
                                    

မုန်တိုင်းထန်တဲ့ချစ်ပင်လယ်

( piece~ 12 )

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မျက်ရည်တွေကိုလက်ဖဝါးနဲ့ပွတ်သပ်ပြီး
ရှိုက်သံများနဲ့ရောထွေးကာ ...

"တကယ် တောင်းပန်ရမှာ ခါးပါ
ရှင့်ကိုတောင်းပန်ရမယ့်သူက ခါးပါ"

"..............."

"တောင်းပန်ပါတယ် ခါးရှင့်ကိုနာကျင်စေခဲ့တဲ့
အတွက်တောင်းပန်ပါတယ် အမြဲ ပြောချင်နေခဲ့တဲ့စကားပါ
နိုင်ငံ"

ဆံနွယ်လေးတွေကို တော့ပ် လက်များနဲ့
ပွတ်သပ်ပေး၍ ကြည်နူးမှုတွေက ရင်ထဲမှာဖြာထွက်လာခဲ့သည်။
ဒီစကားသူမဆီကကြားချင်ခဲ့ရတဲ့နေ့များက
ရေတွတ်လို့မကုန်ပါ....

"မလိုပါဘူး ခါး မင်းမတောင်းပန်ခင်ကတည်းက
ကိုယ်ခွင့်လွှတ်ပြီးသားပါ
အမြဲလဲ ခွင့်လွှတ်ခဲ့ပါတယ် ဘာလို့လဲမင်းသိလား"

ခါးမျက်နှာလေးကိုမော့စေပြီး
သူနဲ့မျက်လုံးချင်းစုံစေကာ နာကျင်စွာ ပြုံးပြလိုက်၍
တိုးတက်သော စကားက...

"ကိုယ်မင်းကိုချစ်လို့"

မျက်လုံးလေးများဝိုင်းစက်သွားကာ
မယုံကြည်နိုင်သလို ငေးကြည့်နေသော
ခါး နှာဖူးလေးကို ငုံ့နမ်းရှိုက်၍ နှာဖူးချင်းတိုက်ကာ
အတန်ကြာညိမ်သက်နေခဲ့ကြသည်။

တယောက်ကိုတယောက်စကားမပြောဖြစ်ပဲ
မျက်လုံးများမှိတ်ကာ တယောက်ရင်ခုန်သံ
တစ်ယောက်နားထောင်နေမိသည်။
ထိုတိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သည်က ခါးရယ်သာ...

"ခါး တခုလောက်တောင်းဆိုပါရစေ"

"ဘာလဲ ပြောလေခါး ကိုယ်ကအမြဲတမ်း
မင်းအတွက် ဖြည့်စီးပေးမဲ့သူပါ"

ခါး တံတွေးတချက်မြိုချလိုက်ပြီး
အားယူလိုက်ပြီးမှ....

"တန် တန်ခူးတို့ကိူပြန်လွှတ်ပေးလိုက်ပါ နော်
အမုန်းဆိုတာပူလောင်ပါတယ်
ဆုပ်ကိုင်ထားရင် ရှင့်ကိုလောင်ကျွမ်းသွားလိမ့်မယ်
ကျေးဇူးပြုပြီး လွှတ်ချလိုက်ပါတော့နော်"

မျက်မှောင်နှစ်ခုကုတ်ကြသွားကာ
ကြည်လင်နေတဲ့ တော့ပ် မျက်နှာအုံ့မှိုင်းသွားလေသည်။
အလိုမကျသလို ခါးမျက်နှာကို ကိုင်ထားသော
လက်တွေလွှတ်လိုက်ကာ ပြတင်းပေါက်နား
သွားရပ်သည်။
မခြိမ်းတော့ပဲ တဝေါဝေါနဲ့ရွာနေသောမိုးတွေကိုကြည့်ကာ
ပြန်လည်စကားမဆိုသော သူ့ကြောင့်
ခါး အိပ်ရာပေါ်ကဆင်းသက်၍ သူ့အနီးသို့လျှောက်လာခဲ့သည်။

ဒီနိုင်ငံ Completed (OC)Where stories live. Discover now