part - 22

6.2K 206 1
                                    

မုန်တိုင်းထန်တဲ့ချစ်ပင်လယ်

{အခန္​း~22}

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ကားအဆင်သင့်ဖြစ်ပါပြီ အစ်ကိုကြီး"

အရှေ့မှာဦးလာညွှတ်ပြီး ပေါ့ခ်ပြောလာသည်။
ခေါင်းသာညိမ်ပြလိုက်ပြီး လက်ကနာရီကိုကြည့်တော့
မနက္​7နာရီ....

"မစ္စတာချမ်း ခါးကိုသွားကြည့်လိုက်ပါအုံး"

အကူမိန်းခလေးတယောက်ရှိနေတာတောင်
စိတ်မချဟန်နဲ့ မစ္စတာချမ်းကိုသွားကြည့်ခိုင်းလိုက်သည်။
သူမသိပ်ကိုဂျစ်တိုက်တာ
လိုက်ရမယ်လို့ပြောတုန်းက ဘားမှမပြောပဲ
ဒီမနက်ကျတော့ မသွားချင်ဘူးဆိုပြီးဂျစ်တိုင်နေ၏

အနီရောင်အနောက်တိုင်းနဲ့မြင့်မားတဲ့အရပ်မောင်းကြောင့်
ကျစ်ကျစ်လစ်လစ်တော့ပ် ခန္ဓာကိုယ်ကအထင်းသား
အနက်ရေယင်မျက်မှန်ကိုတပ်ထားပြီး
ဘောင်းဘီအိတ်ထဲလက်နှိုက်ရပ်နေသည်က
ဆွဲဆောင်မှုအားပြင်းလှသည်။

"ပြီးပါပြီ ဂိုဏ်းချုပ်"

လှေကားဆီကအသံကြောင့်
တော့ပ်ရော အနားကပေါ့ခ်ရောလှမ်းကြည်းလိုက်ကြသည်။
စူပုတ်နေတဲ့နှုပ်ခမ်းလေးနဲ့ ဒူးလောက်သာ
ပြေပြေလေးကျသော ဂါ၀န်နီလေးနဲ့ ခေါင်းမှာဘိုဦးထုပ်ဝိုင်း
လေးစောင်းထားတဲ့ခါး....
အနီရောင်နတ်သမီးလေးလို လှပလွန်းလှသည်။

"ပြီးပြီလား
မဟုတ်ရင် ကိုယ်လေယာဉ်အချိန်နောက်ဆုပ်ရတော့မလို့"

မှင်သက်ကြည့်မိနေရာက သူပြုံးပြီးမေးလိုက်တော့
ဒိုင်းခနဲကျလာတဲ့မျက်စောင်းလေးတစ်ခုကကြွေကြလာသည်။
သူလက်လှမ်းပေးရင်းက....

"အရမ်းလှတယ် ကိုယ့်babyမေမေလေးက"

မလာချင်လာချင်နဲ့သူနားရောက်လာတဲ့သူမကို
ပခုံးလေးကနေ ခပ်သာသာသိုင်းဖက်လိုက်ပြီး
အရှေ့ကပေါ့ခ်ကို လက်နဲ့ပြလိုက်ကာ...

"ဒါ ပေါ့ခ်တဲ့ ကိုယ့်ညီလေး
နောက်ဆို ခါးကိုအန္ဓာရယ်အားလုံးကနေ
ကာကွယ်စောင့်ရှောက်ပေးမယ်လူ"

"တွေ့ရတာ၀မ်းသာပါတယ်မမလေး
နောက် မမလေးကို အန္ဓာရယ်တခုမကျအောင်
စောင့်ရှောက်ပေးမယ့်ပေါ့ခ်ပါ"

ဒီနိုင်ငံ Completed (OC)Where stories live. Discover now