( ep - 11 )

11.4K 361 7
                                    

မုန်တိုင်းထန်တဲ့ချစ်ပင်လယ်

( piece~ 11 )

>>>>>>>>>>>>>>>>>>>>>>>>>>>

"မှား မှားသွားပါတယ် တောင်း..."

"မင်းပါးစပ်ပိတ်ထား!!!!"

''ခွပ်...ခွပ်!!!´´

ဆင့်ကဲ့ထိုးချလိုက်ပြီး
တော့ပ် ခြေထောက်နဲ့စောင့်ကန်လိုက်သည်မို့
ထိုလူ ဗိုင်းခနဲ ပြစ်လဲသွားခဲ့သည်။
ရင်ဘင်ကြွးကဖားဖိုလို့နိမ့်လိုက်မြင့်လိုက်နဲ့ဖြစ်နေသည့်
တော့ပ် ဒေါသများမပြေနိုင်ပဲ
ထိုလူပေါ်ကတက်ခွကာ....

"မင်းကများ ငါ့နေရာကိုလာပြီး
ငါ့မိန်းခလေးကို ထိရဲတယ်"

''ထိချင်အုံး´´

''ခွပ်....´´

''ထိချင်အုံး!!!´´

''ခွပ်...ခွပ်..ခွပ်´´

''သေစမ်း...သေစမ်း...´´

ရင်ဘက်ကအင်္ကျိစကိုဆွဲဆုပ်ကာ
ပယ်ပယ်နယ်နယ်ထိုးနေသည့် တော့ပ် နားမည်သူမှမကပ်ရဲ
အောက်ကထိုလူ့မျက်နှာ၌လဲ လူရုပ်မပေါ်အောင်
သွေးတွေဖြာထွက်နေသည်။

"ထိချင်အုံး!!!!"

''ခွပ်....ခွပ်´´

ခါး လက်ဖျားတွေအေးစက်ကျင်ခဲကုန်သည်။
ဒေါသများနဲ့ ကြောက်စရာကောင်းနေတဲ့သူ့မျက်နှာ...
တစ်ချက်ပြီးတစ်ချင်ထိုးနေတဲ့သူ့လက်သီးတွေမှာ
သွေးတွေပေကျံလာသည်။

ဒီအတိုင်းဆိုရင် ထိုလူသေတာတောင်သူကျေနပ်မှာ
မဟုတ်မှန်း ခါးသိနေတယ်...
ဟင်အင်း...သူလူမသတ်ရဘူးခါးကြောင့်သူဘားမှ
ထပ်မဖြစ်စေရဘူး...

''မင်းလိုလူကို ဒီကမ္ဘာမှာအရှင်ထားရင်
မြေလေးတယ်´´

ထိုလူမျက်နှာကိုကြည့်၍ တော့ပ် နှုပ်ခမ်းများမဲ့ကြသွားကာ
လက်လှမ်းဖြန့်လိုက်တော့ အလိုက်သတိဘေးက
အစောင့်တယောက်ကသေနတ်လှမ်းထည့်ပေး၏

"ငရဲမှာသွားနေလိုက်"

"ဟင်အင်....နိုင်ငံ မလုပ်နဲ့ မလုပ်ပါနဲ့
မလုပ်ပါနဲ့နော် ခါးတောင်းပန်ပါတယ်
မလုပ်ပါနဲ့ ဟီး..ဟီး"

ထိုလူ့နှာဖူးကိုချိန်ရွယ်ထားသော သူ့လက်တွေကို
စူးခနဲ ငိုသံပါလေးနဲ့တားမြစ်သောသူမအသံတွေက
အားလျော့စေခဲ့သည်။
ရှိုက်ကြီးတငင်ငိုနေတဲ့ ခါးကိုကြည့်ကာ
သူ သတိပြန်ကပ်လာခဲ့သလို လက်ထဲကသေနတ်ကို
ခပ်တွေတွေကြည့်၍...

ဒီနိုင်ငံ Completed (OC)Where stories live. Discover now