part - 21

7.1K 214 6
                                    

မုန်တိုင်းထန်တဲ့ချစ်ပင်လယ်

{အခန္​း~21}

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ပြန်ချင်တယ်ဟုတ်လားခါး
မင်းဘာလို့ဒီလိုပြောရက်ရတာလဲ ကိုယ့်ကို
မင်းနည်းနည်းမှမသနားဘူးလား !!!"

ဖက်ထားတဲ့လက်ကိုလွှတ်ကာ
ပခုံးကိုပြောင်းကိုင်ပြီး မျက်လုံးချင်းစူးစိုက်
ကြည့်လာသည့်တော့ပ်....

"မင်းဆီမှာကိုယ့်ရဲ့ရင်သွေးလေး
မင်းကိုကိုယ်ဘယ်လောက်ထိချစ်တာမင်းအသိဆုံး
မင်းနဲ့ခလေးကိုခွဲပြီးကိုယ်ကဘယ်လိုနေရမှာလဲ
မင်းပြောကြည့်ပါအုံး!!!"

ပခုံးနှစ်ဖက်ကနေ ဆွဲလှုပ်ကာ
ဒေါသတကြီးပြောနေတဲ့သူ့ကြောင့် ခါးမျက်ရည်လေးများနဲ့
မော့ကြည့်သည်။

"အကြာကြီးမှမဟုတ်တာ ခါး ခဏ"

"ခဏလဲမရဘူး အကြာကြီးလဲမရဘူး
မင်းဟော်နန်းထဲကခြေတစ်လှမ်းတောင်
မကျူးကျော်ရဘူးခါး!"

လွန်ကဲတဲ့အချစ်တွေကြောင့် သူအတ္တများဖုံးလွှမ်းနေရ၏
မျက်ရည်တွေနဲ့ကနဦးက အသနားခံသလိုမော့ကြည့်နေတဲ့
ခါးမျက်နှာလေးက တဖြည်းဖြည်းတင်းမာလာကာ
မျက်ရည်တွေကိုလက်ခုံနဲ့ပွတ်သုပ်ပြစ်လိုက်သည်။

"ဘာလို့လဲ ဘာလို့ရှင် ခါးကိုတချက်ငဲ့မကြည့်ရတာလဲ
ရှင့်အတင်းခေါ်လာခဲ့လို့ခါး မိဘတွေနဲ့ကိုကို့ကို
စိတ်ဆင်းရဲတွင်းကြီးမှာထားခဲ့ရတယ်
ခဏလေးပေးပြန်ရင်ဘာဖြစ်လို့လဲ
ခါးပြန်လာမှာပေါ့"

"ကျစ် တော်တော့ခါးမင်းထပ်မပြောနဲ့တော့
ကိုယ်မင်းကိုစိတ်မတိုချင်ဘူး ကိုယ်အော်မိရင်
မင်းငိုလိမ့်မယ် တော်တော့"

မျက်လုံးတွေက ခါးကို စိတ်ဆိုးနေမှန်းခါးသိသည်။
ကျောပေးကာ ဆံပင်တွေထိုးဖွနေတဲ့သူ့ကျောပြင်ကို
ကြည့်ရင်း ခါး၀မ်းနည်းမိသည်။
ဘာကြောင့်များသူခါးကိုနားမလည်ပေးရတာလဲ

"ရှင်ပေးမသွားရင် ကျွန်မခိုးပြီးထွက်ပြေးမှာ"

"ဘာပြောတယ်ခါး!"

ဗြုန်းခနဲ ခါးဘက်ပြန်လှည့်ကာ မျက်လုံးရဲများနဲ့သူမေးသည်။
အရွဲ့တိုက်ချင်လာတဲ့ခါး မျက်ရည်တွေကိုလက်ဖမိုးနဲ့
သုပ်ဖယ်ရင်းက

ဒီနိုင်ငံ Completed (OC)Where stories live. Discover now