Part - 2 ( Oc )

13K 598 9
                                    

( piece~ 2 )

***********************************

ခါးမျက်လုံးလေးပြူးကျယ်သွားပြီး
ဘာလုပ်လို့ဘာလုပ်ရမှန်းမသိ...
နှုပ်ခမ်းကသွေးတွေယိုတဲ့အထိ ထိုးနှက်ကန်ကျောက်
နေကတာကိုဘားမှပြန်မလုပ်ပဲ
တအွတ်အွတ်နဲ့ ခံနေသောသူ့ကိုလဲစိတ်တိုလာမိသည်။
ကိုကိုသာသူ့နေရာမှာဆို ခုဒီကောင်တွေအားလုံး
မှောက်နေလောက်ပြီး....

မဖြစ်တော့...ဒါကိုမှလက်ပိုက်ရပ်ကြည့်နေရင်
သနပ်ခါး...ဆိုတဲ့သူမ တာ၀န်ကင်းမဲ့ရာကျမယ်...
လွယ်အိတ်ထဲက သံကွန်ဖာဘူးကိုလက်ထဲကျစ်နေအောင်
ဆုပ်ကိုင်လိုက်ကာ...

"ယား......လူဆိုးကောင်တွေ
ဖယ်..ဖယ်ကြ....ဖယ်!!!!"

''အာ့....အာ့''

"ဘာလဲဟ...ဘယ်သူလဲ"

ကျောတွေကိုသုံးလေးချက်ဆင့်ရိုက်ပြစ်ကာ
ခါး မှောက်ရက်လဲနေသောသူ့ရှေ့ကကာရက်လိုက်၍

"နင်တို့ ဘာလို့သူများကိုအနိုင်ကျင့်နေကြတာလဲ
အခုချက်ချင်းထွက်သွားကြ မဟုတ်လို့ကတော့
ငါဆရာမကြီးနဲ့ကျောင်းအုပ်ကိုသွားတိုင်ပြစ်မှာနော်"

"ဟာ...ကျောင်အုပ်ကြီးကိုတိုင်မယ်တဲ့..ဟား...ဟား
ဟေ့ယျောင်တွေ သူကကျောင်းအုပ်ကြီးကိုတိုင်မယ်တဲ့"

တဟားဟားရယ်နေတဲ့ ကျောင်းသား တွေကြောင့်
ခါးမျက်နှာလေးရဲတက်သွားကာ...

"နင်တို့ဘာရယ်တာလဲ ငါတကယ်တိုင်ပြောပြစ်မှာနော်"

နိုင်ငံ စိတ်ပျက်စွာမျက်စိတချက်မှိတ်လိုက်သည်။
ယား...ခနဲအော်ပြီးသူ့ကိုယ်သူကယ်တင်ရှင်လိုသူမ၀င်
လာတာတွေ့တော့ ပထမသူအံသြသွားမိပေမဲ့
ခလေးလိုလိုစကားလေးတွေပြောနေသောသူမကို
ကြည့်ကာ သူစိတ်ညစ်မိသည်။
မလုပ်ချင်လို့ပေတေပြီး လုပ်ချင်ရာလုပ်သေသွားလဲအေးရောဆိုပြီးခံနေတာ သူမကြောင့်စိတ်ကူးတွေအားလုံးပျက်...

"နေပါအုံး.မင်းလေးကနာမည်ဘယ်လိုခေါ်လဲ"

လက်တဖက်ကခါးမေးကိုလာကိုင်တာမို့
ဖြန်းခနဲ ခါးရိုက်ထုပ်ပြစ်လိုက်ကာ...

"နင်ဘာလုပ်တာလဲ ငါ့ကိုကိုသိရင်
နင်တို့သေလိမ့်မယ် ငါ့အဖေကရှေ့နေကြီး
နင်တို့ကိုတရားဆွဲပြစ်မယ်သိရဲ့လား"

ဒီနိုင်ငံ Completed (OC)Where stories live. Discover now