part - 31

5.9K 207 4
                                    

မုန်တိုင်းထန်တဲ့ချစ်ပင်လယ်

{အခန္​း~31}

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငေးမောနေတဲ့ နေခါး မျက်နှာ
ခါးဘက်ငို့ပြန်လှည့်လာတော့ နွမ်းလျနေပေမဲ့
ပြုံးနေ၏....

"ကိုကို ဘာတွေတွေးနေတာလဲဟင်"

ဗိုက်ကြီးကြီးနဲ့ မျက်နှာလေးအနည်းငယ်ချောင်ကျ
သွားသော...ညီမလေးမျက်နှာကိုသူ
စိုက်ကြည့်ကာ...ပထမဦးဆုံးအကြိမ်
ကိုယ့်ကိုကိုယ်မုန်းတီးမိသည်။

"ညီမလေးအကြောင်းတွေးနေတာ"

"ခါးအကြောင်း"

"အင်း"

"ဟင်...ခါးအကြောင်းကိုကိုကဘာတွေးနေတာလဲ"

ဆံနွယ်လေးတွေကို သပ်ပြီးနားရွက်နောက်
ညှပ်ပေးလိုက်ကာ...
သေးကွေးသော လက်လေးကို
သူလက်ပြင်ကျယ်ကြီးနဲ့အုပ်မိုးဆုပ်ထွေးလိုက်သည်။
ပါးစပ်လေးဟ မျက်လုံးလေးအဝိုင်းသားနဲ့
ခါးလိုက်ကြည့်နေတော့....

"ညီမလေးထွက်သွားတော့မှာကိုကိုသိနေတယ်"

"ဟင်...ကိုကိုသိနေတယ်"

"သိတာပေါ့ခါး...ကိုကို့ညီအလေးဘာတွေးနေလဲ
ဘာစဉ်းစားနေလဲဆိုတာ ကိုကိုမသိပဲနေမလား
အမြဲတမ်းအရိပ်တကြည့်တကြည့်နဲ့
ညီမလေးကိုကြည့်နေခဲ့ရတဲ့သူပါ"

ခါး ကိုကို့မျက်လုံးတွေကိုရင်မဆိုင်ရဲတော့ပဲ
ခေါင်းငုံ့လျှိုးလိုက်မိသည်။
ဆုပ်ကိုင်ထားတဲ့ ကိုကို့လက်တွေကို စိုက်ကြည့်ရင်းက
ဘာကြောင့်မှန်းမသိမျက်ရည်စက်တချို့ခုန်ပေါက်.ပြေးဆင်း
လာရသည်။

"ကိုကို...ခါးကို အရမ်းစိတ်ဆိုးမုန်းသွားပြီလားဟင်"

"ကိုကိုကဘာလို့ခါးကိုမုန်းရမှာလဲ"

မျက်ရည်စက်တွဲလွဲနဲ့ မျက်၀န်းဝိုင်းလေးများ
ပင့်တက်လာကာ...

"ဒါဆို ကိုကိုခါးကိုစိတ်မဆိုးဘူးပေါ့ဟုတ်လား"

"စိတ်မဆိုးပါဘူး အရူးမလေးရယ်
ဘားမှတောင်ကိုကိုမပြောရသေးဘူးဘာလို့ငိုနေရတာလဲ"

ဒီနိုင်ငံ Completed (OC)Where stories live. Discover now