part - 32

7.8K 256 16
                                    

မုန်တိုင်းထန်တဲ့ချစ်ပင်လယ်

{ အခန္​း~32 }

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"လူမိုက်ကြီး...မင်းကလူမိုက်ကြီးပဲ
ကြည့်ပါအုံး...မင်းညီမကိုကြည့်ပါအုံးလူမိုက်ကြီးရဲ့
မင်းညီမကိုမင်းကြည့်စမ်းပါအုံး"

ထုရိုက်နေသောမိခင်၏လက်များကိုမဖယ်ရှားပဲ
နေခါးမျက်လုံးတွေကအသက်မဲ့စွာ
အောက်ခင်းကြွေးပြားတွေကိုသာငေးကြည့်နေသည်။

"ခင်...ခင်စိတ်ထိန်းပါအုံးကွာ
တို့သမီးလေးဘားမှမဖြစ်ပါဘူးကွာ
တို့သမီးလေးကောင်းသွားမှာပါ...သားကြီးကိုလဲ
မင်းနားလည်ပေးလိုက်ပါခင်ရယ်"

နှစ်သိမ့်မှုတွေနဲ့ ထွေးပွေ့လိုက်ရင်းက
သားဖြစ်သူကို နားလည်သည်ဆိုသောအကြည့်
ခွင့်လွှတ်မှုပါသောမျက်လုံးတွေကမှိန်ဖျော့ရီဝေစွာ
နေခါးဖခင် လှမ်းကြည့်သည်။

သူ့ကိုယ်သူတောင်မသိပဲ နေခါး မျက်ရည်တွေ
တွေတွေကြီးကျနေခဲ့သည်။

တစ်လှမ်းချင်းတိုးကပ်သွားသည်က
ဆေးရုံ ကုတင်ပေါ်က ခါးဆီကိုသာ....
ဆေးပိုက်များစွာ အောက်စီဂျင်ပိုက်တန်းလန်းများက
သေးလွန်းသော သူမနဲ့မလိုက်အောင်ကိုများပြားစွာ
သွင်းချိတ်ထားရသည်။
ခါးရဲ့ဖြူစွတ်နေသောလက်ဖျားလေးကို
ဆွဲယူဆုပ်ထွေးကာ တောင်းပန်ပါတယ်ဆိုသော
စကားကိုသူပြောမထွက်ခဲ့....

ဆံပင်လေးကို ဖွဖွပွတ်သပ်ပေးရင်း
မိမိဂုဏ်ယူစွာ ၀င်ရောက်ခဲ့တဲ့ ရဲဆိုသည့်အလုပ်ကို
သူစက်စုတ်မုန်းတီးမိသည်။
ကိုကို တောင်းပန်ပါတယ်ခါးရယ်....

***********************************

ထိုအဖြစ်ပျင်များဖြစ်ပျက်ပြီးနောက် နှစ်ရက်ကြာသော်
သတင်းစာခေါင်းစီးပိုင်း...တီဘီချန်နယ်မျိုးစုံ
လူမှုကွန်ရက်တွေမှာ ထိပ်ဆုံးက ရောက်ရှိနေသည့်သတင်းက...
Hydraအဖွဲ့ဆိုသောဒုစရိုက့်ဂိုဏ်းကိုဖမ်းစီးရလိုက်မိသည့်
ဆိုသောသတင်းသာ....

အဖွဲ့စည်းကိုဖြိုခွဲလိုက်နိုင်ပြီး ပြေးတဲ့သူကပြေး
အသေဖမ်းမိတဲ့သူကဖမ်းမိကာ...လွတ်မြောက်နေဆဲလူတွေလဲ
ရှိနေခဲ့သည်။

ဒီနိုင်ငံ Completed (OC)Where stories live. Discover now