part - 27

5.6K 210 1
                                    

မုန်တိုင်းထန်တဲ့ချစ်ပင်လယ်

{အခန္​း~27}

>>>>>>>>>>>>>>>>>>>>>

ခက်ထန်လွန်းတဲ့သူ့မျက်နှာက ခါးကို
မယုံကြည်နိုင်သလို ကြည့်နေကာ
ခါး လက်ဖျားတွေပါ အေးစက်ကျင်ခဲသွားခဲ့ရသည်။

"ခါး...ခါးတောင်းပန်ပါတယ်နိုင်ငံ
မေမေနေမကောင်းဘူး...ခါးခဏလောက်ပြန်ပါရစနော်"

ရှိုက်သံလေးများနဲ့ ဗလုံးထွေးတောင်းဆိုနေသည့်
ခါးစကားများကြောင့် တော့ပ်ဆက်ခနဲ ဖြစ်သွားကာ

"ပြန်စရာလား...ပြန်စရာလားခါးရဲ့
ခါးဗိုက်ထဲမှာကိုယ့်ရင်သွေးလေးနဲ့လေ
ခါးနဲ့ရင်သွေးလေးကိုခွဲရရင် ကိုယ်ရူးမှာပေါ့
ခါးလဲမပြန်ဘူးလို့ကတိပေးထားတယ်လေ...
ဘာလို့....ဘာလို့..."

"ငါ့ညီမအိမ်ကိုပြန်ချင်တာသဘာ၀ကျတယ်
မင်းလိုဒုစရိုက်သမားနဲ့ငါ့ညီမနဲ့မအပ်စက်ဘူးဒီနိုင်ငံ
ကျေးဇူးပြုပြီး မင်းနောက်ဆုပ်ပေးပါ"

"မင်းပါးစပ်ကိုပိတ်ထား!!!!"

ယမ်းပုံမီးကျဒေါသများက နေခါးပေါ်စုပြုံသွားကာ
လက်ထဲကသေနတ်နဲ့ပြစ်တော့မလိုလိုဖြစ်နေသည်မို့
စီးခနဲ ထွက်လာသည့် ခါးရဲ့ငိုသံ...

"ဟင်အင်း...မလုပ်ပါနဲ့ မလုပ်ပါနဲ့ ဟီး...ဟီး"

နေခါးကို လက်နဲ့ကာပေးပြီး ခါးရှိုက်ကြီးတင်ငိုချကာ
လက်အုပ်လေးချီလျှက်...

"မလုပ်ပါနဲ့နိုင်ငံရယ်...ခါးနဲ့ခလေးကိုသနားပါ
ခါးတောင်းပန်ပါတယ်"

အရူးမလေးလို ခါး မည်သူ့ကိုအကူညီတောင်းရမှန်းမသိပါ
အကိုတယောက်နဲ့ချစ်တဲ့သူတစ်ယောက် သူ့မကြောင့်
သွေးထွက်သံယိုဖြစ်တော့မယ်...

တော့ပ် ကြိခနဲ အံကြိတ်လိုက်၍
မေးကြောကြီးများ ထောင်းကားကာ
ကြောက်ခမန်းလိလိ...

"ကိုယ်သူ့ကိုမသတ်ဘူး...မင်းကိုယ့်ဆီပြန်လာခါး"

တဖက်ကသေနတ်နဲ့ချိန်ထားပြီး
ခါးကိုသူ့ရင်ခွင်ထဲလာရန် လက်ကမ်းနေသည့်တော့ပ်မျက်နှာ
မှာ တခါးမှမတွေ့ဖူးသော စိုးရွံချင်များ...

ဒီနိုင်ငံ Completed (OC)Where stories live. Discover now