part - 18

8.1K 258 11
                                    

မုန်တိုင်းထန်တဲ့ချစ်ပင်လယ်

{အခန္​း~18}

~~~~~~~~~~~~~~~~~~~~~~~~~

"မမလေး သွားလို့မရပါဘူး
ဂိုဏ်းချုပ်ကမမလေးကို ခြံထဲမဆင်းရဘူးလို့.မှာထားပါတယ်"

"ခါး ခြံထဲဆင်းမှာမဟုတ်ပါဘူးသူ့ကိုသွားကြည့်မလို့ပါ
သူုတခုခုဖြစ်နေတယ် ထင်တယ်
ဖယ်ပေးပါ"

ရှေ့က ပိတ်ရပ်ထားသော.အကူမိန်းခလေးနှစ်ဦး
မစ္စတာချမ်း၏ လုံး၀မထွက်စေနဲ့ဆိုသော
အမိန့်ကြောင့် မျက်စိမျက်နှာပျက်ရက်နှင့်ပင်...

"တောင်းပန်ပါတယ်မမလေး
အခန်းထဲ ပြန်တက်နေပါနော်...ကျွန်မတို့
တကယ်ပေးမထွက်ရဲလို့ပါ"

"ဟင်အင်း....ဖယ်ပေးပါ ခဏလေးပဲ
ခဏပါပဲ ခါးသူ့ကိုသွားကြည့်ရုံပါပဲ
ပြီးရင်ချက်ချင်းပြန်တက်မှာပါ"

ခါးစကားကို မကြားသလိုပင်.အတင်း
ဆွဲခေါ်နေတဲ့နှစ်ယောက်အားကြောင့်
ခပ်သေးသေးခန္ဓာကိုယ်နဲ့ခါး ရုန်းရင်းဆတ်ရင်း
ပြန်ပါလာခဲ့သည်။

အခန်းထဲ အတင်းပြန်ထည့်ပြီး
တယောက်ကပြတင်းပေါက်တံခါးကိုသွားပိတ်ကာ
တစ်ယောက်ကတော့ အခန်း၀၌စောင့်နေသည်။

ခါးမျက်ရည်လေး.တစ်သွင်သွင်ကြရုံကလွဲလို့
ဘားမှ လုပ်ဖို့အခွင့်ရေးမရှိပါ...
သူ တခုခုများဖြစ်နေမလား...

အိပ်ရာလေးပေါ် လက်သီးစုတ်လေးကျစ်နေအောင်ဆုပ်ပြီး
ခါး အပြင်ထွက်ဖို့အခွင့်လမ်းစောင့်စားနေမိစဉ်...

''တံခါးဖွင့်´´

ခတ်ပြတ်ပြတ်အသံနဲ့တခါးထုသံကြောင့်
တခါး၀မှာစောင့်နေသည့် မိန်းခလေးအမြန်ပင်တံခါးဖွင့်
ပေးလိုက်တော့ အလောသုံးဆယ်၀င်လာသည့်
အိမ်ထိန်းကြီးမစ္စတာချမ်း....

"နင်တို့ထွက်သွားကြ"

ထိုမိန်းခလေးနှစ်ယောက်ကိုနှင်ထုပ်ပြီး
သူ့ရှေ့ပြေးလာတဲ့ခါးကိုခြေစုံခေါင်းစုံးကြည့်ကာ

"မိန်းခလေး"

"မစ္စတာချမ်း...သူရော သူဘယ်မှာလဲဟင်
သူတခုခုဖြစ်နေလို့လား
စောနက သူ့အော်သံကြားလိုက်ရတယ်
သူဘာဖြစ်နေလို့လဲဟင်...သူ"

ဒီနိုင်ငံ Completed (OC)Where stories live. Discover now