part -25

6.1K 205 1
                                    

မုန်တိုင်းထန်တဲ့ချစ်ပင်လယ်

{အခန္​း~25}

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ဒါပေမဲ့ မမလေးကလက်ခံပါ့မလား"

ပေါ့ခ်ပြောမှ သူခါး၏စိတ်ကိုခန့်မှန်းမိလိုက်သည်။
သေချာပေါက် သူမမိသားစုရှိတဲ့ဒီနိုင်ငံကနေ
ဘယ်းမှသွားမှာမဟုတ်ဘူးဆိုတာ သူတွက်မိသည်။
သို့ပေမဲ့ သွားရမယ်...အားလုံးကမင်းကိူ
ကိုယ်အဆုံးရှုံးမခံနိုင်လို့ပဲ...

"မသွားချင်လဲသွားရမယ် ဒါမလုပ်မဖြစ်တဲ့အရာပဲ"

"ဒါဆို လေဒီနဲ့မစ္စတာချမ်းကိုတော့
မထည့်ပဲ အစ်ကိုကြီးနားမှာ အကူညီပေးဖို့ထားထားပါ
ကျွန်တော်တယောက်ထဲမမလေးကိုခေါ်ပြီးသွားပါ့မယ်"

"မဖြစ်ဘူး ငါစိတ်မချဘူး"

"ကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ ကျွန်တော်တို့
သုံးယောက်လုံးသွားရင်အစ်ကိုကြီးအတွက်
အလုပ်လုပ်ပေးမဲ့လူအစားထိုးရလိမ့်မယ်
အဲ့အခါကျ သစ္စာဖောက်တွေ၀င်လာနိုင်တယ်"

တော့ပ် အလိုမကျစွာ.မျက်မှောင်စုကြီးနဲ့ငဲ့ကြည့်သည်။

"ငါ့မှာနောက်လိုက်တပည့်တပန်းတွေအများကြီးရှိတယ်
တယောက်ယောက်ကိုအစားထိုးလို့ရတယ်"

"မဖြစ်ဘူးအစ်ကိုကြီး တပည့်များပေမဲ့
လူယုံရှားတယ်အစ်ကိုကြီး.ကျွန်တော်အစ်ကိုကြီးကို
တယောက်ထဲမထားခဲ့နိုင်ဘူး"

"တော်တော့ ဘားမှဆက်မပြောနဲ့တော့ပေါ့ခ်
နောက်တစ်ပတ်လောက်နေရင် ဗီယမ်နမ် ကို
ခါးကိုခေါ်ပြီး မင်းတို့သုံးဦးတိတ်တဆိတ်သွားရမယ်
ဒါငါ့အမိန့်"

ပြတ်သားစွာသူပြော၍တော့ပ် မျက်နှာလွှဲသွားသည်။
တားမရမှန်းသိနေသည်မို့
ပေါ့ခ် ထပ်တွန့်မတက်တော့ပဲ ဦးညွှတ်လိုက်လေသည်။

"ကျွန်တော် မစ္စတာချမ်းကိုစီစဉ်ဖို့
ဆက်သွယ်လိုက်ပါ့မယ် အစ်ကိုကြီး"

သူမမျက်နှာကိုသူစိုက်ကြည့်ကာ တိတ်ဆိတ်နေမိသည်။
ကိုယ့်ကို မင်းမခွဲနိုင်ဘူးလို့ပြောလာရင်
ဒီကမ္ဘာမှာအပျော်ဆုံးလူသားကကိုယ်ပါပဲခါး...

ဒီနိုင်ငံ Completed (OC)Where stories live. Discover now